menu-iconlogo
huatong
huatong
avatar

ကြိုဆိုပါ၏

ဝေလ Wai Lahuatong
salnhoneyhuatong
Lirik
Rekaman
ရေး ဆို ဝေလ

Intro:

နင်မလာချင်ခဲ့

လမ်းခင်းလို့ပေးကာထားလည်း

အနားမှာ မရှိ

ရှောင်ဖယ်ကာ သွားတယ်

လူဆိုးများတဲ့ အရပ်လို မင်းကသတ်မှတ်ပြီး

အချိန်တန်တော့ ပြန်ချစ်လိမ့်မယ်

မျှော်လင့်ခဲ့လည်း

မင်းကိုကြိုမယ့် ပန်းပွင့်တို့တောင်

ခြောက်တော့မယ်

ဘာ့အတွက်ကြောင့်

နင်ဟာ ဒီနေ့ထိ ရောက်မလာခဲ့သလဲ

သူစိမ်းဆန်နေမှုများ

နည်းနည်း လျှော့လိုက်ပါ

ငါပိုင်ထားတဲ့ဘဝက

မင်းတစ်ယောက်တည်းအတွက်

ရည်စူးခဲ့တာပါ

နင်မောပန်းချိန် ခိုနားဖို့

နင်လှမ်းခဲ့

လာပါ ထိုင်ပြီးနားလှည့်ပါ တဒင်္ဂ

အသီးအနှံတွေ စိုက်ပျိုးထားတဲ့

ငါ့အရပ်မှာ

ငါကိုယ်တိုင် ချွေးနဲ့ရင်းပြီး

မင်းစားသုံးဖို့ စိုက်ပျိုးခဲ့တာပါ

ဒါကို တဖြည်းဖြည်းတွေးလို့

နင်ချစ်တတ်သွားမှာပါ

ဒါ … ဒါ

ဒါ … ဒါ

ဒါ … ဒါ

ဆူညံသံတွေ ချန်ခဲ့ပြီး

မင်းလျှောက်ခဲ့ဖို့

ဖိနပ်လေးလည်း ပေးချင်မိ

ငါနာကျင်နေခဲ့တယ်

ထုံဆေးမပေးပဲ အမုန်းတွေ

အဝေးက ပစ်နေခဲ့

ခြင်ကိုက်ရင် ရိုက်ဖို့တောင်

နင်သနားသော်လည်း

ငါ့ရင်ကိုတော့ စုတ်ပြတ်သွားအောင်

လုပ်တတ်တယ်

ဘာ့အတွက်ကြောင့်

နင်ဟာ ဒီနေ့ထိ ရောက်မလာခဲ့သလဲ

သူစိမ်းဆန်နေမှုများ

နည်းနည်း လျှော့လိုက်ပါ

ငါပိုင်ထားတဲ့ဘဝက

မင်းတစ်ယောက်တည်းအတွက်

ရည်စူးခဲ့တာပါ

နင်မောပန်းချိန် ခိုနားဖို့

နင်လှမ်းခဲ့

လာပါ ထိုင်ပြီးနားလှည့်ပါ တဒင်္ဂ

အသီးအနှံတွေ စိုက်ပျိုးထားတဲ့

ငါ့အရပ်မှာ

ငါကိုယ်တိုင် ချွေးနဲ့ရင်းပြီး

မင်းစားသုံးဖို့ စိုက်ပျိုးခဲ့တာပါ

ဒါကို တဖြည်းဖြည်းတွေးလို့

နင်ချစ်တတ်သွားမှာပါ

SoLo

ဒီကမ္ဘာမှာ

ငါရင်ခုန်မိတာ

နင်ပဲရှိနေလို့

နှလုံးသားရဲ့ တည့်တည့်ဝယ်

မင်းတစ်ယောက်အတွက် ရေးခဲ့

ကြိုဆိုပါ၏ ဆိုင်းဘုတ်လေးနဲ့ …

ဟေ့ မျှော်နေတယ်

အခုထိ ရောက်မလာနိုင်ခဲ့

လွမ်းနေတာကို နည်းနည်းတော့ သတိပြုပါ

ငါပိုင်ထားတဲ့ဘဝက

မင်းတစ်ယောက်တည်းအတွက်

ရည်စူးခဲ့တာပါ

နင်မောပန်းချိန် ခိုနားဖို့

နင်လှမ်းခဲ့

လာပါ ထိုင်ပြီးနားလှည့်ပါ တဒင်္ဂ

အသီးအနှံတွေ စိုက်ပျိုးထားတဲ့

ငါ့အရပ်မှာ

ငါကိုယ်တိုင် ချွေးနဲ့ရင်းပြီး

မင်းစားသုံးဖို့ စိုက်ပျိုးခဲ့တာပါ

ဒါကို တဖြည်းဖြည်းတွေးလို့

နင်ချစ်တတ်သွားမှာပါ

ဒါ … ဒါ

ဒါ … ဒါ

ဒါ … ဒါ

ဒါ … ဒါ

ဒါ … ဒါ

ဒါ … ဒါ

Thanks

16.1.2021

Selengkapnya dari ဝေလ Wai La

Lihat semualogo
ကြိုဆိုပါ၏ oleh ဝေလ Wai La - Lirik & Cover