သီချင်း - လမ်းပြကြယ်
တေးဆို - သွန်း
တစ်ဘဝလုံနဲ့ ချစ်ခဲ့တယ်
မောင့်အပြုံးများ စွဲမက်ဖွယ်
ကျမနှလုံးသားလေးက
မောင့်အတွက်ပါကွယ်
ထာဝရမပြောင်းလဲတဲ့ အချစ်တို့နဲ့
အပြန်အလှန်ထားရှိတဲ့ ကတိတို့မပြယ်
ဒီကမ္ဘာမြေကြီးနဲ့
မိုးကောင်းကင်သဖွယ်
မောင့်တစ်ယောက်တည်းသာ ရင်ခုန်တယ်
မောင့်အနားရှိရင် ပျော်ရွှင်တယ်
တွဲလက်တွေ ထာဝရမခွဲ
သစ္စာရှိရှိချစ်နေမယ်
တစ်နေ့နေ့မှာ အတူတူနေမယ်
အချစ်အိမ်ကလေး တည်ဆောက်ကြမယ်
မောင်သာ ကျမဘဝရဲ့လမ်းပြကြယ်
တစ်ဘဝလုံနဲ့ ချစ်ခဲ့တယ်
မောင့်အပြုံးများ စွဲမက်ဖွယ်
ကျမနှလုံးသားလေးက
မောင့်အတွက်ပါကွယ်
ထာဝရမပြောင်းလဲတဲ့ အချစ်တို့နဲ့
အပြန်အလှန်ထားရှိတဲ့ ကတိတို့မပြယ်
ဒီကမ္ဘာမြေကြီးနဲ့ မိုးကောင်းကင်သဖွယ်
မောင့်တစ်ယောက်တည်းသာ ရင်ခုန်တယ်
မောင့်အနားရှိရင် ပျော်ရွှင်တယ်
တွဲလက်တွေ ထာဝရမခွဲ
သစ္စာရှိရှိချစ်နေမယ်
တစ်နေ့နေ့မှာ အတူတူနေမယ်
အချစ်အိမ်ကလေး တည်ဆောက်ကြမယ်
မောင်သာ ကျမဘဝရဲ့လမ်းပြကြယ်
မိန်းကလေးများ မောင့်ကိုကြည့်ရင်မကြိုက်ဘူးကွယ်
သဝန်တိုတာ အပြစ်လို့မတွေးပါနဲ့
ထာဝစဉ်သာ မောင့်အနားနေချင်တယ်
မောင့်တစ်ယောက်တည်းသာ ရင်ခုန်တယ်
မောင်နဲ့အနားမှာ နေချင်တယ်
တွဲလက်တွေ ထာဝရမခွဲ သစ္စာရှိရှိချစ်နေမယ်
တစ်နေ့နေ့မှာ အတူတူနေမယ်
အချစ်အိမ်ကလေး တည်ဆောက်ကြမယ်
မောင်သာ ကျမဘဝရဲ့လမ်းပြကြယ်
မောင်သာ ကျမဘဝရဲ့လမ်းပြကြယ်
မောင်သာ ကျမဘဝရဲ့လမ်းပြကြယ်