menu-iconlogo
huatong
huatong
avatar

ရွှေဖိုးခေါင်

ဟေမာနေဝင်းhuatong
13331302136huatong
Lirik
Rekaman
ရွှေဖိုးခေါင်

တေးရေး -ရွှေပြည်အေး

တေးဆို -ဟေမာနေဝင်း

3

2

1

Go.....

နန္ဒာအိုင်မင်းသဏ္ဍန်လို ကန်အတွင်းဘောင်

ရွှေအင်ကြင်းပန်းတွေ မြန်းခတဲ့ချောင်

ညီနောင်ပင်ဒွယံမှာ မြင်ရသယောင်

အသွင်ခြားနားတာ သနားကမားနဲ့ဆောင်

ခင်ကညှာသတိုးမြင်တာ ရွှေဖိုးခေါင်

အသာအယာလှမ်းကြွကာဖမ်းပြရအောင်

ရေကန် ကမ်းနဘေးက

သူကလေး မမြင်အောင်

တူပုံးကစားလို့ လူလုံးပြဖို့ရှောင်

ခြင်းကြားနဲ့ထောင်

တစ်ကောင်နှစ်ကောင်

မိကာထား ကြည့်ပါလား

သနားစရာ ကြောင်တောင်တောင်

အမောင် အမောင်

ချစ်စရာလေး ခင့်မှာတွေးကာ

မွေးထားမယ်မောင်

တကယ်လိုက်ခဲ့မလားကွယ့်လို့ခေါ်ဆောင်

ငါတို့အိမ်တောင်...

အမယ် ပြောတဲ့စကားပဲနားလည်သယောင်

လေများချွန်သမောင်

ကြေးလှောင်အိမ်မှာ ရွေးနှောင်

အသီးအနှံစုံ အကုန်ရအောင်

လိုရာဆို ပုံပေါ်ပါတယ်

ကြုံသောအခါဝယ်နောင် သိရလိမ့်မောင်

မော်ကြည့်လို့ မျက်စိကကြောင်တောင်

ဪ သိသယောင်ယောင်

အခြေမချို့တဲ့တို့နဲ့ အမြဲနေမောင်

အိမ်ကျက်သရေဆောင်

တောမြိုင်ချောင် ဝနေက ရှောင်

မြို့ မှာသာနေရအောင်

အခြေလှလှပပထားမယ်

သနားစဖွယ် သားငယ် ရွှေဖိုးခေါင်

3

2

1

Go....

နန္ဒာအိုင်မင်းသဏ္ဍန်လို ကန်အတွင်းဘောင်

ရွှေအင်ကြင်းပန်းတွေ မြန်းခတဲ့ချောင်

ညီနောင်ပင်ဒွယံမှာ မြင်ရသယောင်

အသွင်ခြားနားတာသနားကမားနဲ့ဆောင်

ခင်ကညှာသတိုးမြင်တာ ရွှေဖိုးခေါင်

အသာအယာလှမ်းကြွကာဖမ်းပြရအောင်

ရေကန် ကမ်းနဘေးက

သူကလေး မမြင်အောင်

တူပုံးကစားလို့ လူလုံးပြဖို့ရှောင်

ခြင်းကြားနဲ့ထောင် တစ်ကောင်နှစ်ကောင်

မိကာထား ကြည့်ပါလား

သနားစရာ ကြောင်တောင်တောင်

အမောင် အမောင်

ချစ်စရာလေး ခင့်မှာတွေးကာ

မွေးထားမယ်မောင်

တကယ်လိုက်ခဲ့မလားကွယ့်လို့ခေါ်ဆောင်

ငါတို့အိမ်တောင်...

အမယ် ပြောတဲ့စကားပဲနားလည်သယောင်

လေများချွန်သမောင်

ကြေးလှောင်အိမ်မှာ ရွေးနှောင်

အသီးအနှံစုံ အကုန်ရအောင်

လိုရာဆို ပုံပေါ်ပါတယ်

ကြုံသောအခါဝယ်နောင် သိရလိမ့်မောင်

မော်ကြည့်လို့ မျက်စိကကြောင်တောင်

ဪ သိသယောင်ယောင်

အခြေမချို့တဲ့တို့နဲ့ အမြဲနေမောင်

အိမ်ကျက်သရေဆောင်

တောမြိုင်ချောင် ဝနေက ရှောင်

မြို့မှာသာနေရအောင်

အခြေလှလှပပထားမယ်

သနားစဖွယ် သားငယ် ရွှေဖိုးခေါင်

Selengkapnya dari ဟေမာနေဝင်း

Lihat semualogo