menu-iconlogo
huatong
huatong
avatar

ချစ်မာယာ AhNaing

အနိုင်huatong
Mr_USoehuatong
Lirik
Rekaman
ချစ်မာယာ

အနိုင်

.......

မာယာဟန်ထည် မာယာ,နဲ့ဆွယ်

မာယာ,စာဖွဲ့ အလှတွေတင်း. . .

မာယာဥာဏ်နဲ့ အသက်ကိုညှင်း. . . . .

ဘုရားလောင်းဥဒေါင်းမင်း ညွှတ်ကွင်း

သက်ဆင်း ဆင်း,ရပြီကွယ်

မိန်းမမာယာသြော်,သဲကိုးဖြာပမာ

ရှေးကအစဉ်အလာ ထားရှိခဲ့တာ

ပမာပုံခိုင်းနှိုင်းရင်ဇာတ်လမ်းကလေးတွေ

ဆင့်ကာစီကာ သိသလောက်မောင်ပြောပြမယ်ကွာ

နား,ဆင်ပေါ့ တစ်ခါ

မာယာဟန်ထည် မာယာ,နဲ့ဆွယ်

မာယာ,စာဖွဲ့ အလှတွေတင်း. . .

မာယာဥာဏ်နဲ့ အသက်ကိုညှင်း. . . . .

ဘုရားလောင်းဥဒေါင်းမင်း ညွှတ်ကွင်း

သက်ဆင်း ဆင်း,ရပြီကွယ်

မိန်းမမာယာသြော်,သဲကိုးဖြာပမာ

ရှေးကအစဉ်အလာ ထားရှိခဲ့တာ

ပမာပုံခိုင်းနှိုင်းရင်ဇာတ်လမ်းကလေးတွေ

ဆင့်ကာစီကာ သိသလောက်မောင်ပြောပြမယ်ကွာ

နား,ဆင်ပေါ့ တစ်ခါ

ဟိုရှေးအခါက ဗျတ်ဝိဗျတ္တညီနောင်နှစ်ဦးမှာ

လေပြင်းတိုက်ခတ်လို့သာ

သင်္ဘောပျက်ကာပင်လယ်အတွင်းမှာ

ကံကောင်းထောက်မလို့သာ

ကမ်းပါးတစ်ခုကိုခိုဝင်နားလာ

ရသေ့ကြီးတစ်ဦးရဲ့ထံဝတ်ပြုလို့သာနေလာခဲ့ရာ

ဂုဏ်ရည်ချင်းရယ်မတူ မအိုဇာနဲ့

ချစ်ရည်တူမျှခဲ့လေတာ ဗျတ်ဝိခမျာမှာ. .

.......Music....

မနာလိုသူတွေ ထင်သလို,အပြစ်ရှာ

ဗျတ်ဝိကိုတဲ့ သတ်လိုခြင်း..

မအိုဇာနဲ့ ခွဲခွါခြင်း. . . .

သတ်လိုသော်လည်း မဖြစ်ဘူးအဖြစ်ထူးတော့

အခက်,တွေ့စဉ်ဝယ်. . . .

ဗျတ်ဝိခမျာမှာသြော်,အချစ်စိတ်တွေဖြာ

အဆုံးမတော့လေကွာအားလျှော့ခဲ့တာ

မယ်အိုဇာလာဆက်သပါ

ရေတစ်မှုတ်နဲ့ကွမ်းယာတစ်ယာ

မိန်းမတွေရဲ့အလှမာယာ အချစ်နွံထဲမှာ

မောင်လည်းကြုံခဲ့ရတာ

မင်းနဲ့ချစ်ခဲ့စဉ်ကာလမှာ

အမြတ်တနိုးယုံစားမိတာ

မင်းရဲ့သစ္စာကြင်နာခြင်းပါ

နောက်ဆုံးမှာတော့အချစ်ရာ

လမ်းခွဲခဲ့ဘာကိုအပြစ်ရှာ

မောင့်အသည်းကိုခွဲခဲ့တာ

မင်းရဲ့သစ္စာမာယာလားကွာ

မောင် လည်း လေ လောကီသားရယ်မို့

တိမ်းလို့ရှောင်လို့မလွတ်သာပါမင်းတို့မာယာ

မောင်လည်းကြုံခဲ့ရတာ

မင်းနဲ့ချစ်ခဲ့စဉ်ကာလမှာ

အမြတ်တနိုးယုံစားမိတာ

မင်းရဲ့သစ္စာကြင်နာခြင်းပါ

နောက်ဆုံးမှာတော့အချစ်ရာ

လမ်းခွဲခဲ့ဘာကိုအပြစ်ရှာ

မောင့်အသည်းကိုခွဲခဲ့တာ

မင်းရဲ့သစ္စာမာယာလားကွာ

မောင် လည်း လေ လောကီသားရယ်မို့

တိမ်းလို့ရှောင်လို့မလွတ်သာပါ. . .

မင်း တို့ မာ ယာ

......

Selengkapnya dari အနိုင်

Lihat semualogo