အိပ်မက်ထဲထိနှောင့်ယှက်တတ်တဲ့
မိန်းကလေးမင်းဟာ ဘယ်သူလဲ
စိုးမိုးလွန်းတဲ့မင်းမျက်ဝန်းကြောင့်
ရူးခဲ့ရပြီဒီကောင်လေးမှာ
ညဖက် အိပ်ရင်လည်း
မင်းနဲ့တွေ့ချင်သေး
အပြင်မှာတစ်ခါလောက်
ဆုံဖူးခွင့်ရချင်ပါတယ်
အပေါင်းအသင်းများက
ဝိုင်းဟားကြတယ်
မင်းရဲ့ချစ်သူဘယ်မှာလဲတဲ့
ခေါင်းငိုက်စိုက်လို့လှည့်ထွက်ခဲ့တယ်
အိပ်မက်မက်ဖို့အိမ်ပြန်ကြိုးစား
မင်းနဲ့နီးနိုင်ဖို့
မင်းနဲ့တွေ့ချင်လို့
You Are My world
In My Dream Girl
I miss you so.....
Where you go.....
အိပ်ဆေးများသောက်လို့ငါ့မှာ
ငါဘယ်သူ့မှမကြားနိုင်တော့ပါ
ငိုချင်လာပြီ နင်ဘယ်မှာလဲ
I miss you so....
Where you go......
ငါဘယ်လိုမှလုပ်မရလို့ပါ
ငါဘာမှမစားနိုင်လို့ပါ
ငိုချင်လာပြီနင်ဘယ်မှာလဲ
ငါအိပ်ပျော်ချင်တယ်...
ငါတစ်ယောက်ထဲပါပဲ
အိပ်မက်ထဲကမင်းနဲ့
ငါ့ဘဝပြည့်စုံတယ်
အသည်းတစ်ခုလုံးမင်းက
ငါ့ရဲ့ညတွေကို
ဖန်ဆင်းပေးတယ်
ကြယ်ရောင်များလင်းနေခဲ့
ဒီလောက်ပဲကျေနပ်ပါတယ်
ဘယ်လို ဝဠ်ကြွေးတွေလဲ
အချစ်နဲ့ပတ်သက်တိုင်းလဲ
ငါ့ဘဝတစ်လွဲတွေနဲ့
ဘုရားရှိခိုးပြီး
ပုတီးစိတ်
တရားလဲမမှတ်နိုင်
တစ်ယောက်ထဲရူးနေပြီး
ငါညတိုင်းမူးနေမည်
ငါအချစ်ရူးဖြစ်ပါပြီ
I miss you so......
Where you go....
အိပ်ဆေးများသောက်လို့ငါ့မှာ
ငါဘယ်သူ့မှမတားနိုင်လို့ပါ
ငါငိုချင်လာပြီ
နင်ဘယ်မှာလဲ
I miss you so...
Where you go...
ဘာအလုပ်မှလုပ်မရလို့ပါ
ငါဘာမှမစားနိုင်လို့ပါ
ငါငိုချင်လာပြီနင်ဘယ်မှာလဲ
ငါအိပ်ပျော်ချင်တယ်