INTRO
အချစ်စစ် ဖြစ်ခဲ့လည်းပဲ
ဘဝသစ်ထပ်စဖို့ရာ မဖြစ်တော့ဘူး
တံတိုင်းတွေ တစ်ယောက်တစ်ဖက်ခြား
အတူရှိခွင့်ရတဲ့ အချိန်များ
နောက်ထပ် ရှေ့ဆက်ဖို့ရာ
မဖြစ်တော့ဘူး အပြစ်တွေ
တို့နှစ်ယောက်ကြား
ဘယ်လိုနည်းနဲ့မှ ပေါင်းစပ်ခွင့်မရှိမှန်း
သေချာခဲ့တဲ့ နောက်
မင်း ငါ့ကို ချန်ရစ်ပြီးသွားတော့
အားလုံး အမှားများအောက်
နောက်မကျသေးခင်
ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး
မင်း နဲ့ အဝေးဆုံးမှာ
ထားခဲ့ဦး ထားခဲ့ဦး
မဆုံတဲ့ တစ်ယောက်တစ်နေရာ
ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး
အိမ်မက်ဟောင်း တစ်ခုစာ
ထားခဲ့ဦး ထားခဲ့ဦး
ငါတို့ တစ်ယောက်တစ်နေရာ
အနီးဆုံး ကျောချင်းကပ်ရင်း
အကြီးဆုံး ပေးဆပ်ခြင်းတွေ
မရှိတော့ဘူး ထပ်ပြီး
ငါတို့နှစ်ယောက်ကြား ...
တားမြစ်ခဲ့တဲ့ အဆိပ်သီး
အရူးအမူး ခူးဆွတ်ဖို့ရာ
မဖြစ်တော့ဘူး
ဆူးတွေ တို့နှစ်ယောက်ကြား
အရင်တချိန်က ငါ့ဘဝ
နောက်တစ်ခေါက် ရနိုင်ရင်
ပြန်စမယ်အရာရာ ငါလေ မင်းနဲ့
အစကတည်းက ဆုံး
ရှုံးနိမ့်မယ့် ဇာတ်လမ်း
အခုတော့ တစ်ခန်းရပ် ...
ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး
မင်းနဲ့အဝေးဆုံးမှာ
ထားခဲ့ဦး ထားခဲ့ဦး
မဆုံတဲ့ တစ်ယောက်တစ်နေရာ
ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး
အိမ်မက်ဟောင်းတစ်ခုစာ
ထားခဲ့ဦး ထားခဲ့ဦး
ငါတို့ ဝေး ...............
SOLO
ဘယ်လိုနည်းနဲ့မှ ပေါင်းစပ်ခွင့်မရှိမှန်း
သေချာခဲ့တဲ့ နောက်
ချန်ရစ်ပြီး သွားတော့
အားလုံး အမှားများအောက်
ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး
မင်းနဲ့အဝေးဆုံးမှာ
ထားခဲ့ဦး ထားခဲ့ဦး
မဆုံတဲ့ တစ်ယောက်တစ်နေရာ
ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး
အိမ်မက်ဟောင်းတစ်ခုစာ
ထားခဲ့ဦး ထားခဲ့ဦး
ငါတို့တစ်ယောက်တစ်နေရာ ......
ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး
မင်းနဲ့အဝေးဆုံး ...
ထားခဲ့ဦး ထားခဲ့ဦး
မဆုံတဲ့ တစ်ယောက်တစ်နေရာ
ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး
မင်းနဲ့အဝေးဆုံးမှာ
ထားခဲ့ဦး ထားခဲ့ဦး
မဆုံတဲ့ တစ်ယောက်တစ်နေရာ
ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး
အိမ်မက်ဟောင်းတစ်ခုစာ
ထားခဲ့ဦး ထားခဲ့ဦး
ငါတို့ ဝေး ......................
ငါတို့ ဝေး .......................