menu-iconlogo
huatong
huatong
avatar

စာမျက်နှာ၁၅

လေးဖြူ Lay Phyuhuatong
LaYakeKhohuatong
Lirik
Rekaman
စာမျက်နှာတစ်ဆယ့်ငါး Unicode

ဆို ️ လေးဖြူ Lay Phyu

အတိတ်တွေက မှုန်ဝါးပေမယ့်

ငါတို့ နှစ်ဦး ဇာတ်လမ်းမှာ တချို့နေရာက

အကောင်းအတိုင်း ရှိနေဆဲပါပဲ

ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်

အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ်

အဓိပ္ပါယ်မရှိတာ သိပေမယ့်

တ ခါတလေ တိုက်ဆိုင်မှုတွေ ရှိလာတော့လည်း

အမှတ်တမဲ့ မင်းကို လွမ်းပါတယ်

အပေါ်ယံ ရှပ်ထိသော ဒဏ်ရာ မဟုတ်တော့

လွယ်ကူစွာနဲ့ ငါမေ့မရဘူးကွယ်

တွေ့ရင် မှတ်မိဦးမယ် ထင်ပါတယ်

နှစ်တွေ လတွေက အတော်ကြာပြီပဲ

ဘယ်ဆီကို မင်းရောက်နေမလဲ

ဘာတွေကို မင်းလုပ်နေမလဲ

ဘယ်သူနဲ့ မင်းရှိနေမယ်

တွေးမိပါတယ်

ပြန်လွမ်းမောရင်းနဲ့ ပြန်စဉ်းစားရင်းနဲ့

ငါသတိရပါတယ်

ဘာတွေကို မင်းလုပ်နေမလဲ

ဘယ်သူနဲ့ မင်းရှိနေမယ်

တွေးမိပါတယ်

ပြန်လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့

ငါသတိရပါတယ်

အတိတ်တွေက မှုန်ဝါးပေမယ့်

ငါတို့ နှစ်ဦး ဇတ်လမ်းမှာ တချို့နေရာက

အကောင်းအတိုင်း ရှိနေဆဲပါပဲ

ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်

အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ်

အဓိပ္ပါယ်မရှိတာ သိလည်းပဲ

တခါတလေ တိုက်ဆိုင်မှုတွေ ရှိလာတော့

ငါ အမှတ်တမဲ့ မင်းကို လွမ်းပါတယ်

အပေါ်ယံ ရှပ်ထိသော ဒဏ်ရာ မဟုတ်တော့

လွယ်လွယ် ငါမေ့မရဘူးကွယ်

ဘယ်ဆီကို မင်းရောက်နေမယ်

ဘာတွေကို မင်းလုပ်နေမယ်

ဘယ်သူနဲ့ မင်းရှိနေမယ်

တွေးမိပါတယ်

လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့

ငါသတိရပါတယ်

ဘာတွေကို မင်းလုပ်နေမယ်

ဘယ်သူနဲ့ မင်းရှိနေမယ်

တွေးမိပါတယ်

လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့

တခါတလေ ငါ သတိရပါတယ်...

တွေ့ရင် မှတ်မိဦးမယ် ထင်ပါတယ်

နှစ်တွေ လတွေက အတော်ကြာပြီပဲ

မင်းရောက်နေလဲ (ဘယ်ဆီကို မင်းရောက်နေလဲ)

မင်းလုပ်နေမလဲ (ဘာတွေကို မင်းလုပ်နေမလဲ)

ဘယ်သူနဲ့ မင်းရှိနေမယ်

တွေးမိပါတယ်

လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့

သတိရပါတယ်

ဘာတွေကို မင်းလုပ်နေမလဲ

ဘယ်သူနဲ့ မင်းရှိနေမယ်

တွေးမိပါတယ်

လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့

တခါတလေ ငါ သတိရပါတယ်

အိုး...အိုး...

သတိရနေတယ်

Selengkapnya dari လေးဖြူ Lay Phyu

Lihat semualogo
စာမျက်နှာ၁၅ oleh လေးဖြူ Lay Phyu - Lirik & Cover