menu-iconlogo
huatong
huatong
adjustor-telephony-tale-cover-image

Telephony Tale

Adjustorhuatong
neyda_nevishuatong
Lirik
Rekaman
နာရီလက်တံတွေထိုင်ငေး

အဆက်မပြတ်ရွေ့လျား ဆဲပါကွာ

ငါမျှော်နေဘူးတဲ့ စက္ကန့်လေးများ၊

ရင်ခုန်သံများလား၊ ထွက်သက်ဝင်သက်များ

မင်းပဲဖန်ဆင်းခဲ့တာ လေလှိုင်းလေးထဲမှာ၊

ကြည်နူးစရာဒီတစ်ခုသာ

ခူးဆွတ်ဖို့တမ်းတမိတဲ့နုနယ်စဥ် နှလုံးသား

မင်းပဲပိုင်စိုးထားချိန် ယုံကြည်ခဲ့သော

မနက်ဖြန်တွေတိုင်းမှာ

တွဲလက်တို့မြဲကြမယ်လို့

ဆုံးဖြတ်ချက်ထားခဲ့တဲ့

စကားသံတွေပြန်ကြားနေဆဲ

အတွေးများထဲမှာ ဆိတ်ငြိမ်လွန်းတဲ့အခန်းထဲက

ဆည်းလည်းလေးများပေါ်

လေပြေညှင်းတွေ နမ်းသွားတဲ့

အခိုက်အတန့်တွေကြုံတဲ့ခါ

မင်းသတိရလို့နေမယ် ဆို

သူစိမ်းတစ်ယောက်အဖြစ်လွမ်းနေမယ်၊

အကြောင်းပြချက်များမဲ့

နင်မရက်စက်သင့်ဘူးကွာ

အသက်ဝိဉာဉ်ငါ့ရဲ့ ကမ္ဘာ

ဒီစကားသံလေးကြားရင်

ပြန်နိုးထ ခွင့်ပေးပါ၊

အိပ်မက်ဆိုးတွေကြား၊

နင့်ဖုန်းသံလေး မျှော်နေမယ့် နေ့ရက်များ

နင်ဟာစိတ်ကုန်နေပြီတဲ့လား

မျက်ဝန်းတွေပါဝေဝါးသွား

နားကြားများမှားလေသလား

ငါခေါ်တဲ့မင်းဖုန်းလေးမအားတာ

မေ့မရတဲ့အဆက်ဟောင်းကြောင့်လား

ဒါဆိုသိပ်ခက်ပြီကွာ မင်းကစားနေခဲ့ခြင်းကို

မရိပ်မိတဲ့အဆုံးသတ်မှာ

ရိုးသားစွာငါရှုံးနိမ့်ခဲ့ပြီး

ယုံကြည်ခြင်းများစွာကို

ချိုးဖျက်လို့ချစ်ကတိတွေ

ရုတ်သိမ်းလိုက်ပြီလား ၊

အို အချစ်လေးမင်းဖြေပါ

အကြောင်းပြချက်များမဲ့

နင်မရက်စက်သင့်ဘူးကွာ

အသက်ဝိဉာဉ်ငါ့ရဲ့ ကမ္ဘာ

ဒီစကားသံလေးကြားရင်

ပြန်နိုးထ ခွင့်ပေးပါ၊

အိပ်မက်ဆိုးတွေကြား၊

နင့်ဖုန်းသံလေး မျှော်နေမယ့် နေ့ရက်များ

တို့နှစ်ယောက်တည်း

လွင့်မျောဘူးတဲ့ကောင်းကင်ပြာ

ခရီးနှင်ကြမယ့်အကြောင်းတွေ

မိုင်ထောင်ချီ အလင်းနှစ်တွေထဲမှာ

သက်တန့်များရဲ့အဝေးကို

ငါ့အလွမ်းများရောက်ရှိနေတာ

မင်းမချစ်တော့တဲ့နောက်မှာ

အကြောင်းပြချက်များမဲ့

နင်မရက်စက်သင့်ဘူးကွာ

အသက်ဝိဉာဉ်ငါ့ရဲ့ ကမ္ဘာ

ဒီစကားသံလေးကြားရင်

ပြန်နိုးထ ခွင့်ပေးပါ၊

အိပ်မက်ဆိုးတွေကြား၊

နင့်ဖုန်းသံလေး...

မျှော်နေမယ့်.... နေ့ရက်များ

Selengkapnya dari Adjustor

Lihat semualogo