menu-iconlogo
huatong
huatong
avatar

ပြန်သိမ်းထားမယ်

Athen Cho Swehuatong
hardworkercowhuatong
Lirik
Rekaman
သီချင်း- ပြန်သိမ်းထားမယ်

တေးဆို- အေသင်ချိုဆွေ

ကိုယ့်ကို အချစ်လေးတွေ ပြန်ပေးအုံး

မလိုချင်ရင်လည်းရှိပါစေ သိမ်းထားမယ်လေ

ကိုယ့်ဆီမှာ ပြန်ယူပြီးသိမ်းထား

ကိုယ်ဒီလိုမထင်လို့ အချစ်တွေကိုပေးမိတာပါ

မိန်းကလေးဘက်ကချစ်တာကို

အရေးလည်းမစိုက်တော့စိတ်နာတယ်

ရှင်လေတန်ဖိုးမထားတာတွေ ကြာလာလေ

ပိုသိလာ ပေးမိတဲ့အချစ်တွေကို

တစ်ချက်လောက်ဂရုစိုက်လာရင်

၀မ်းနည်းအောင်အမြဲလုပ်ခဲ့တာတွေ

ကိုယ်ခွင့်လွှင့်နိုင်ပါတယ်

အချစ်ဆိုတာ အသွားအပြန် အယူအဆနဲ့

မှန်လိုအရိပ်များတုံ့ပြန်တာ ကြားဖူးပါတယ်

ကဗျာဆရာများဖွဲ့သလို...

ကိုယ်ဟာမျှော်လင့်ချက်တွေကို ပုံထားမိနေတယ်

မိန်းကလေးဘက်ကချစ်တာကို

အရေးလည်းမစိုက်တော့စိတ်နာတယ်

ရှင်လေတန်ဖိုးမထားတာတွေ ကြာလာလေ

ပိုသိလာ ပေးမိတဲ့အချစ်တွေကို

တစ်ချက်လောက်ဂရုစိုက်လာရင်

၀မ်းနည်းအောင်အမြဲလုပ်ခဲ့တာတွေ

ကိုယ်ခွင့်လွှတ်နိုင်ပါတယ်

အခုတော့ ရှင်မလွယ်ပါလား

တစ်ဖက်သတ်ဆန်လွန်း ကိုယ်ကပဲချစ်နေ

ကိုယ့်ကိုရောင်ပြန်တောင်မဟပ်ခဲ့ ရှက်မိပြီ

ဒီလိုတော့မဖြစ်သင့်ပါဘူး မလိုချင်လည်းပေးပါ

ကိုယ်ပြန်တောင်းပန်....တွေ ေ၀ သလား...

အချစ်ကိုဒီလိုတော့ ပစ်မထားဘူး

မလိုချင်ရင်လည်းရှိပါစေ သိမ်းထားမယ်လေ

မိန်းကလေးဘက်ကချစ်တာကို

အရေးလည်းမစိုက်တော့ စိတ်နာတယ်

ရှင်လေတန်ဖိုးမထားတာတွေ ကြာလာလေ

ပိုသိလာ ပေးမိတဲ့အချစ်တွေကို

တစ်ချက်လောက်ဂရုစိုက်လာရင်

၀မ်းနည်းအောင်အမြဲလုပ်ခဲ့တာတွေ

ကိုယ်ခွင့်လွှတ်နိုင်ပါတယ်

မိန်းကလေးဘက်ကချစ်တာကို

အရေးလည်းမစိုက်တော့ စိတ်နာတယ်

ရှင်လေတန်ဖိုးမထားတာတွေ ကြာလာလေ

ပိုသိလာ ပေးမိတဲ့အချစ်တွေကို

တစ်ချက်လောက်ဂရုစိုက်လာရင်

၀မ်းနည်းအောင်အမြဲလုပ်ခဲ့တာတွေ

ကိုယ်ခွင့်လွှတ်နိုင်ပါတယ်

ဟား.....ဟာ........ဟား.....ဟာ...ဟားဟာ

တွေေ၀သလားအခုမှ...ဟားဟာ

Selengkapnya dari Athen Cho Swe

Lihat semualogo