menu-iconlogo
huatong
huatong
avatar

ရွှေနွယ်ရိုး

Banyar Hanhuatong
ooh_lala_starhuatong
Lirik
Rekaman
သီချင်း - ရွှေနွယ်ရိုး

တေးဆို - Banyar Han + Soe Sandar Htun

သွေမဖယ်

ရွှေနွယ်ရိုးရယ်

မျှော်ကိုးကာ လှဖုန်းသက်လယ်

လိုက်ခဲ့တော့မယ်

ရွှေစံပယ်မေရယ်တစ်မိုးဝယ်

ထက်ကောင်းကင်

ဘုံဖျားထိကွယ် ပိုးပါ့မယ်

ပုဆိုးပိုက်ကာ စောင်ပိုက်ကာ

သက်ထားပျိုတကယ်ခုပင်လိုက်မယ်

ချစ်ချစ်သက်လှယ် မြသွေးရယ်

ဟေဝန်မြိုင်လယ် ဖြတ်ကူးရပေမယ်

ပျိုချစ်သူနဲ့မောင်မယ်နှစ်ကိုယ်

တောင်ရွှေမြင့်မိုရ်ခြတောင်ပို့ထင်တယ်

သက်ထားပျိုရယ်

အပါးက မဖယ်...

ဖြစ်လေရာ ဘဝ ဘဝမယ်

ပေါင်းကြစို့ရွယ်

ယုံတော့မောင်ရယ်

ပြောစမ်းပါ့ကွယ်

ငှက်ဖြစ်တောင် တစ်ကိုင်းတည်းကို

မဆိုင်းဘဲ နားပါ့မယ်

တကယ်ဘဲလား ခင်ရယ်

အဟုတ်မခွဲဘဲ ကြင်မယ်

သက်ဆုံး ပျက်မမုန်းတူတွဲယှဉ်

ခင်နဲ့မောင်နဲ့မင်္ဂလမ်းစဉ်

ဟင်..တက်လှမ်းချင်တယ်

အို..လိုက်ဖို့အသင့်ရွယ်

မောင့်ရွှေနွယ်ရိုးရယ်

ခိုးရာလိုက်တော့ကွယ်

မှိုင်းမှုန်ပြာရီတောတောင်ယံဆီ

ချစ်တဲ့သူအပါးဝယ်

လှစ်လှစ်ကာစကားကြွယ်

ခင့်အပေါ်ဝယ် ဆိုခဲ့တယ်

နွမ်းခွေယိုင်ကာပန်းရွှေခိုင်မှာ

အတောမသတ်တယ်တောရပ်ဝယ်

မောပန်းမယ် ချစ်သက်လှယ်

ပွေ့ချီလို့ ထမ်းပါ့မယ်..

မြိုင်ဟေမာစိမ့်စိမ်းတောတန်းစခန်းဝယ်

စိတ်ကြည်နူး လွမ်းဖွယ်

တောပန်းနဲ့သံချိုမြည်သံ

တောငှက်ကလေးတို့မှာ

အို..လိပ်ပြာစုံတွဲ နွဲကာ

ဝဲပျံပုံနှယ် မြူးကြတယ်

သွေမဖယ်

ရွှေနွယ်ရိုးရယ်

မျှော်ကိုးကာ လှဖုန်းသက်လယ်

လိုက်ခဲ့တော့မယ်

ရွှေစံပယ်မေရယ်တစ်မိုးဝယ်

ထက်ကောင်းကင်

ဘုံဖျားထိကွယ်ပိုးပါ့မယ်

ပုဆိုးပိုက်ကာ စောင်ပိုက်ကာ

သက်ထားပျိုတကယ် ခုပင်လိုက်မယ်

ချစ်ချစ်သက်လှယ် မြသွေးရယ်

ဟေဝန်မြိုင်လယ် ဖြတ်ကူးရပေမယ်

ပျိုချစ်သူနဲ့မောင်မယ်နှစ်ကိုယ်

တောင်ရွှေမြင့်မိုရ်ခြတောင်ပို့ထင်တယ်

သက်ထားပျိုရယ်

အပါးက မဖယ်...

ဖြစ်လေရာဘဝဘဝမယ်

ပေါင်းကြစို့ရွယ်

ယုံတော့မောင်ရယ်

ပြောစမ်းပါ့ကွယ်

ငှက်ဖြစ်တောင် တစ်ကိုင်းတည်းကို

မဆိုင်းဘဲ နားပါ့မယ်

တကယ်ဘဲလား ခင်ရယ်

အဟုတ်မခွဲဘဲ ကြင်မယ်

သက်ဆုံး ပျက်မမုန်း တူတွဲယှဉ်

ခင်နဲ့မောင်နဲ့မင်္ဂလမ်းစဉ်

ဟင်..တက်လှမ်းချင်တယ်

အို..လိုက်ဖို့အသင့်ရွယ်

မောင့်ရွှေနွယ်ရိုးရယ်

Selengkapnya dari Banyar Han

Lihat semualogo