စိတ္တဇဟေမာန်ဆောင်းနဲ့
အတိတ်ဘ၀တွေလည်း
အောက်မေ့ခဲ့ပြီ မိဌေးးရေ
ဝေး..ဝေးခဲ့ပြီလေ
တွေးလေဆွေးမပြေ
ဝေးခဲ့ရပြီဌေးရေ
ပြန်ဆုံရမည့်ရက်များး
စောင့်စားကာမျှော်နေမယ်လေ
တွေးကြည့်ရင်လေ
ဌေးကိုပဲဆွေးးစိတ်က မပြေ
(စကားပြော)
စိတ္တဇဟေမာန်ဆောင်း
အရောက်မှာ
အတိတ်ကမေတ္တာဇာတ်ကြောင်း
ကလေးတွေလည်း
မမေ့နိုင်ခဲ့ပါဘူးဌေးရယ်
အတိတ်ကာလ
စိတ္တဇပန်းချီကားချပ်ကိုမှ
ထင်ဟပ်ခဲ့တဲ့
နှလုံးသားရုပ်ပုံလွှာဟာ
ယနေ့တိုင်စိတ်ဘ၀င်ထဲမှာ
အရိပ်ထင်နေဆဲရှိလေတော့
စေ့စေ့တွေးလေလေ
တမြေ့မြေ့ကြေကွဲ
ဝမ်းနည်းဖွယ်ဖြစ်ခဲ့ရတယ်
စားလည်းဒီစိတ်အိပ်လည်းပျော်
မရွှင်မောင့်အဖြစ်ကို ကုတိနှမ
မြင်လှည့်သော်ဆိုတဲ့
ရတုရှင်နတ်ရှင်နောင်လို
လွမ်းရ ကျွမ်းရ
တမ်းတရတဲ့ရက်တွေကို
ပင်လယ်ရေချောင်းခြားပုံပြင်လို
ညာသွားတဲ့မိဌေး
သီချင်းလေးတစ်ပုဒ်နဲ့
သက်သေပြလိုက်
ပါရစေတော့ကွယ်။
စိတ္တဇဟေမာန်ဆောင်းနဲ့
အတိတ်ဘ၀တွေလည်း
အောက်မေ့ခဲ့ပြီ မိဌေးးရေ
ဝေး..ဝေးခဲ့ပြီလေ
တွေးလေဆွေးမပြေ
ဝေးခဲ့ရပြီဌေးရေ
ပြန်ဆုံရမည့်ရက်များး
စောင့်စားကာမျှော်နေမယ်လေ
တွေးကြည့်ရင်လေ
ဌေးကိုပဲဆွေးးစိတ်က မပြေ
မောင့်ရင်ထဲကနေ
ဝေးရာပြေးတဲ့မိဌေးရေ
ဘယ်ဆီများး
ပုန်းရှောင်နေသလဲ အချစ်ရေ
သြော်မောင့်ရင်ထဲကနေ
ဝေးရာပြေးတဲ့မိဌေးရေ
ဘယ်ဆီများး
ပုန်းရှောင်နေသလဲ အချစ်ရေ
ဘယ်လမ်းကိုလျှောက်ကာ
ဘယ်ဆီများရောက်နေ
ဘယ်မှာရှာရမှာလဲလေ
မောင်ချစ်ရတဲ့အဌေးရေ
အပြစ်ရှိရင်လည်း.......
ခွင့်လွှတ်ပါမေ
ဝေးရပ်မြေမှတောင်းပန်ပါရဲ့ လေ
(စကားပြော)
နားသောတဆင်မြန်းနေကြတဲ့
တေးချစ်သူ
ချစ်ပရိတ်သတ်များခင်မျာ
အချစ်ဆိုတာတခါတလေ
အညာနွေလိုပူတက်လေသလား
ကျနော့်ရင်ထဲကခံစားချက်ကို
အမှန်တရားသက်သေပြုမယ်ဆိုရင်
ပုံပြင်မဟုတ်ပါဘူး
တကယ်တမ်းခံစားခဲ့ရတဲ့
မေတ္တာဇာတ်ကြောင်းလေးမို့
ဝေးရာပြေးတဲ့
မိဌေးတစ်ယောက်ကို
သီချင်းလေးတစ်ပုဒ်နဲ့
ရှာပုံတော်ချဲလိုက်ရတယ်
ဆိုရင်လဲမမှားပါဘူး
ဒီမြို့ဒီရွာဒီဒေသမှာ
ကျနော့်လိုမမျှော်လင့်ပဲ
ခံစားရခြင်းတိုက်ဆိုင်မှု
ရှိခဲ့ရင်လည်း
ခွင့်လွှတ်ခြင်းများစွာနဲ့
ခွင့်လွှတ်ပေးကြပါလို့နော်
ဟောင်းပြီကြွေမြေသက်ရှာတဲ့
နွေရွက်ဝါလေးတွေကို
ပေါင်းစည်းကြပါစေလို့
ဂဟေဆက်ပေးလို့
မဖြစ်နိုင်သလို
မြေနွမ်းကြွေတဲ့
ခရေပန်းလေးတွေကို
ရေဖြန်းပေးလို့လည်း
မလန်းဆန်းတော့ပါဘူး
အဲဒီလိုပဲ ကျနော်အပေါ်မှာ
အလိမ္မာဆုံးစကားနဲ့
အလိမ်အညာသုံးသွားတဲ့
ချစ်သူတစ်ယောက်
ယနေ့တိုင်အထိ
ကျနော့်ကမ္ဘာလေးထဲကို
ပြန်မလာတော့ပါဘူးလေ
ရှာသော်လည်းမတွေ့
ကြာသော်လည်းမမေ့
ရာသီရွေသမျှ
နှစ်လတွေကြာ
ရှာလေသည်တိုင်အောင်
သြော်..
ကျနော်တယောက်
အပူမိလိုက်တာ
လူမသိလိုက်ပါဘူးလေ
သူမရှိလေတဲ့နောက်ကွယ်မှာ
လွမ်းလောက်စရာ
နှစ်ကြာဝေးခဲ့သော်လည်း
ပန်းခြောက်ကမ္ဘာ
သစ္စာလေးကို
ကျနော့်ရဲ့လွမ်းလောက်စရာ
အနှစ်ကဗျာတေးထဲမှာ
သီချင်းလေးတပုဒ်အဖြစ်
မှတ်စုဖြစ်ခဲ့ရပါတယ်။
မောင့်ရင်ထဲကနေ
ဝေးရာပြေးတဲ့မိဌေးရေ
ဘယ်ဆီများး
ပုန်းရှောင်နေသလဲ အချစ်ရေ
သြော်မောင့်ရင်ထဲကနေ
ဝေးရာပြေးတဲ့မိဌေးရေ
ဘယ်ဆီများး
ပုန်းရှောင်နေသလဲ အချစ်ရေ
ဘယ်လမ်းကိုလျှောက်ကာ
ဘယ်ဆီများရောက်နေ
ဘယ်မှာရှာရမှာလဲလေ
မောင်ချစ်ရတဲ့အဌေးရေ
အပြစ်ရှိရင်လည်း.......
ခွင့်လွှတ်ပါမေ
ဝေးရပ်မြေမှ
တောင်းပန်ပါရဲ့ လေ
မမျှော်လင့်ပဲအလှုပွဲတစ်ခုမှာ
မောင်နဲ့ဆုံတွေ့တဲ့အခါ
မိဌေးမေ့ပြီလားကွယ်
မလွှဲသာခွဲခွါ
ပြန်လည်ဆုံတွေ့တဲ့အခါ
အရေးမလုပ်မှာလည်း
စိုးတယ်ဌေးး ရာ
မေတ္တာအဖြေစကား
တောင်းတဲ့အခါ
တစ်ယောက်တစ်ကမ္ဘာဆီ
လည်းဝေးးကွာ
အသည်းးနာသူမောင့်ရင်မှာ.....
မေတ္တာအဖြေပေးးပါ
မကြင်နာမောင့်ကိုများ
မိဌေးးရေ
အဖြေပေးကာမှဝေးး ကွာ
(စကားပြော)
ဒို့ကမ္ဘာလေးထဲက
အဝေးကိုပြေးတဲ့ဌေးရေ
ဒါမှမဟုတ်
ဒို့ဘ၀လေးကိုအပြီးတိုင်
မေ့ပစ်လိုက်ပြီလားအချစ်ရယ်
မေ့နိုင်လို့လားဟင်
မင်းနဲ့ဒို့ချစ်ခင်မဆုံးရှိခဲ့တုန်းက
မမျှော်လင့်တဲ့
အလှူပွဲတစ်ညမှာပေါ့
တစ်ဘ၀တာမမေ့နိုင်ပါဘူးကွယ်
တကယ်တော့
မင်းတို့အသိုင်းဝိုင်းဟာ
အရာရာအနိုင်ယူချင်ကြတယ်
အရာရာကိုဂုဏ်ငွေပကာသနနဲ့
ရှေတန်းတင်ချင်ကြတယ်
စိန်စီလို့မြချယ်ထားတဲ့
မြစ်ပင်လယ်တကျောမှာ
ရွှေလောင်းလှေငွေလှော်တက်နဲ့
လှော်ခတ်ချင်တဲ့ မင်းတို့ရဲ့
ငွေကြေးရှင်ဓနမုန်တိုင်း
တိုက်ခတ်မှုကြောင့်
ငါနဲ့မင်းလမ်းခွဲခဲ့ရတယ်...
ဝမ်းနည်းလို့မဆုံးပါဘူးဌေးရယ်
ဆုတောင်းလိုက်ပါတယ်ကွာ
အငြိုးရှိရင်လည်းကြေပါစေ
အမုန်းရှိရင်လည်းပြေပါစေ
ချစ်သူတိုင်းလည်းညားကြပါစေ
ကွဲကြသူတိုင်းလဲပြန်လည်
ဆုံစည်းကြပါစေလို့
မတူညီတဲ့
ဘ၀နှစ်ခုပေါင်းစပ်ရင်း
မျက်ရည်ဝေရင်မှာပိုက်လို့
ငိုရှိုက်ခြင်းနဲ့လမ်းခွဲခဲ့ရတယ်
မင်းအလှမပိုင်ဘ၀ငြိမ်သက်ကို
သစ္စာမခိုင်သောကာလမှာ
ယိမ်းထိုးခဲ့ရတယ်
မင်းရဲ့ချစ်စရာ
ကမ်းခြေတလျှောက်က
သစ္စာပန်းတွေကိုကောက်ခဲ့မိလို့
ငါ့ဘ၀ရေပြာလေး
နောက်ခဲ့ရတယ်ပေါ့
ကြာပါပြီကောအချစ်ရယ်
ကြာပါပြီကော
အတိတ်ဆိုတာ
အရိပ်ပမာခြောက်လှန့်နေတော့
မေ့နိုင်ရိုးလားအဌေးရယ်
မေ့နိုင်ရိုးလားဟင်
ရှိပါစေတော့ကွာ
မင်းနဲ့ငါမဆုံကြရသော်လည်း
သံသရာလေးမှာ
ရှိနေသရွေ့တော့
ခေါ်ပါပြောပါနှုတ်ဆက်ပါလို့
တို့ကိုတွေ့ရင် ခေါ်ပါပြောပါ
နှုတ်ဆက်ပါလို့နော်။
မမျှော်လင့်ပဲအလှုပွဲတစ်ခုမှာ
မောင်နဲ့ဆုံတွေ့တဲ့အခါ
မိဌေးမေ့ပြီလားကွယ်
မလွှဲသာခွဲခွါ
ပြန်လည်ဆုံတွေ့တဲ့အခါ
အရေးမလုပ်မှာလည်း
စိုးတယ်ဌေးး ရာ
မေတ္တာအဖြေစကား
တောင်းတဲ့အခါ
တစ်ယောက်
တစ်ကမ္ဘာဆီလည်းဝေးးကွာ
အသည်းးနာသူမောင့်ရင်မှာ.....
မေတ္တာအဖြေပေးးပါ
မကြင်နာမောင့်ကိုများ
မိဌေးး
ရေအဖြေပေးကာမှဝေးး ကွာ
Smule မှ ကူးယူပြီး
StarMaker မှာပြန်လည်၍
ထပ်ဆင့်မျှဝေပါသည်
မူရင်းသက်ဆိုင်သူအားလုံးကို
Credits ပေးပါ၏
ကျေးဇူးတင်ပါသည်
ရဲနိုင်