menu-iconlogo
huatong
huatong
avatar

မမေ့ပါနဲ့

Blueberryhuatong
lemusccsahuatong
Lirik
Rekaman
မမေ့ပါနဲ့

Blueberry

ချောချောလေးမို့ချစ်တာ

ရိုးရိုးလေးနဲ့ချစ်တာ

အသည်းလေးကွဲဖို့ ချစ်လိုက်တာမဟုတ်ပါ

စတွေ့ကတည်းကချစ်တာ စိတ်ကူးထဲလဲမင်းပါ

မင်းရဲ့အရိပ်က

စိုးမိုးနေလိုက်တာ ချစ်သူရာ

မထင်မှတ်ဘဲ မင်းလှည့်ကြည့်ခိုက်မှာ

မျက်လုံးချင်းဆုံတွေ့ခဲ့ကြတာ

ရင်ခုံသံများ ရိုးရိုးလေးနဲ့ပါ

စွဲလမ်းခဲ့ ကျောင်းတုန်းကပါ

နေ့တွေညတွေ ပြောင်းသွားလည်း

ငါ့အချစ် မပြောင်းနိုင်

တို့တွေနှစ်ဦးသား မသိထားလည်း

ရင်မှာတော့ ချစ်လိုက်မှာပဲ

ချောချောလေးမို့ချစ်တာ

ရိုးရိုးလေးနဲ့ချစ်တာ

အသည်းလေးကွဲဖို့ ချစ်လိုက်တာမဟုတ်ပါ

စတွေ့ကတည်းကချစ်တာ စိတ်ကူးထဲလဲမင်းပါ

မင်းရဲ့အရိပ်က

စိုးမိုးနေလိုက်တာ ချစ်သူရာ

(နေ့ညမပြတ်ပါ မင်းအကြောင်းပဲတွေးတာ)

သိပ်ချစ်လို့ပါ

ကိုယ့်အဖြစ်ကမဆန်းပါ အိပ်ပျက်ညတွေမှာ

မင်းအပြုံးလေးများစွာ

ပြန်မြင်ယောင်လို့ပါ

ချစ်သူရာ သိပ်ခန့်လို့ပါ

စိတ်မချတဲ့ကိုယ့်မှာ စိတ်တဇဖြစ်ကာ

မင်းအချစ်နဲ့ဝေးမှာ စိုးရွံ့လို့ပါ

ဆုတောင်းချင်လို့သာ

ကြယ်ကြွေညတွေ စောင့်နေတာ

တွေးကြည့်လိုက်ပါ မင်းနောက်ကလိုက်ကာ

စိတ်မချလို့ကွာ နှောင့်ယှက်ကာမဟုတ်ပါ

အရိပ်တကြည့်ကြည့်နဲ့သာ နေရတဲ့ဘ၀မှာ

ကြင်နာခွင့်လေးတော့ ရချင်တာ

ယုံကြည်လိုက်ပါ ကိုယ့်အဖြစ်ကမသက်သာ

ပျေရွှင်မှုတွေဟာ မင်းအတွက်ပေးမှာ

အမြန်သာလာခဲ့ပါ ရင်ထဲကပြောမှာ

ရိုးရိုးလေးနဲ့ ချစ်နေတာ

ဒဏ်ရာများ နင်မထားခဲ့နဲ့ကွာ

မခံနိုင်ဘူး နှလုံးသားလေးမှာ

အကြင်နာများ ပေးအပ်ဖို့အသင့်ပါ

ယုံကြည်လိုက်တော့ ချစ်သူလေးရာ

မင်းရဲ့အပြုံးတွေ ထာဝရရှိနေ

အမြဲတမ်း အောက်မေ့နေ

ညတွေတိုင်းမှာ တစ်ယောက်တည်းတွေးနေ

ဒါတွေဟာ မင်းအကြောင်းတွေပဲ

ချောချောလေးမို့ချစ်တာ

ရိုးရိုးလေးနဲ့ချစ်တာ

အသည်းလေးကွဲဖို့ ချစ်လိုက်တာမဟုတ်ပါ

စတွေ့ကတည်းကချစ်တာ စိတ်ကူးထဲလဲမင်းပါ

မင်းရဲ့အရိပ်က

စိုးမိုးနေလိုက်တာ ချစ်သူရာ

အရာရာမသိထားလည်း ငါ့အချစ်များ

တိတ်တခိုးနဲ့ ချစ်နေခဲ့တာ

ဘယ်သူတွေတားတား ငါ့နှလုံးသားလေးဟာ

မင်းအတွက်တော့ ရှိနေခဲ့မှာ

အမုန်းတွေအချစ်တွေ တားဆီးလည်း

မင်းအနား အမြဲရှိနေ

ဘ၀တွေဝေးကွာ သိထားလည်း

အကြင်နာများ အဆုံးမသတ်နိုင်ဘူး

ချောချောလေးမို့ချစ်တာ

ရိုးရိုးလေးနဲ့ချစ်တာ

အသည်းလေးကွဲဖို့ ချစ်လိုက်တာမဟုတ်ပါ

စတွေ့ကတည်းကချစ်တာ စိတ်ကူးထဲလဲမင်းပါ

မင်းရဲ့အရိပ်က စိုးမိုးနေလိုက်တာ

ချောချောလေးမို့ချစ်တာ

ရိုးရိုးလေးနဲ့ချစ်တာ

အသည်းလေးကွဲဖို့ ချစ်လိုက်တာမဟုတ်ပါ

စတွေ့ကတည်းကချစ်တာ စိတ်ကူးထဲလဲမင်းပါ

မင်းရဲ့အရိပ်က

စိုးမိုးနေလိုက်တာ ချစ်သူရာ

Selengkapnya dari Blueberry

Lihat semualogo