menu-iconlogo
huatong
huatong
avatar

ငါနင့်ကိုမုန်းတယ်

စိုင်းစိုင်းခမ်းလှိုင်huatong
easycon2huatong
Lirik
Rekaman
သီချင်း း ငါနင့်ကိုမုန်းတယ်

တေးဆို း စိုင်းစိုင်းခမ်းလှိုင် Feat Amara Hpone

ဆုံမှတ်တို့လွဲချော်ကာ လေထဲလွင့်ပျောက်ကွယ်သွား

ရင်ထဲသိမ်းထားတဲ့ အမှတ်တရအနမ်းတွေ အကုန်ပြန့်ကျဲသွား

ငါချစ်ခဲ့ဖူးသူပါ ငါနင့်အတွက်အသက်ရှင်ခဲ့လည်း

နာကျည်းတဲ့မျက်ရည်စက်တွေနဲ့လေ အကုန်ပြိုလဲပြီး..

ငါနင့်ကိုမုန်းတယ်..

မျက်ကန်းတစ်ယောက်လိုပေါ့ ငါဒီမှာ လမ်းပျောက်နေပြီ

အကြိမ်ကြိမ်မက်ခဲ့တဲ့ အိပ်မက်မြစ်တွေ ခန်းခြောက်နေပြီ

ဘယ်လိုမှ လွမ်းလောက်စရာမရှိတော့ပါ နေ့ရက်တွေက

တကယ်နာကျည်းချက်တွေ များခဲ့ပြီ ပင့်သက်တွေချ

မနေ့တနေ့ကလိုပဲ အဖြစ်အပျက်တွေက

အရာရာပြောင်းလဲလို့ သွားခဲ့ မျှော်လ့င်ချက်တွေများ

ဒါဟာဖြေရှင်းချက်တွေလားလို့မေးတော့ မင်းမျက်ရည်ကျ

အချိန်တွေ ကြာလာတော့လည်းသိပြီ ဂျင်းထည့်နေတာ

မင်းကအလုပ်သိပ်များတယ်ပြောပြီး ဖုန်းပိတ်ထားတယ်

ငါတန်ဖိုးထားပြီးပေးဆပ်ခဲ့သမျှ ရူံးနိမ့်သွားတယ်

တစ်နေ့မတွေ့ရင် ကိန္ဒရီတွေလို ချောင်းခြားပါသတဲ့

မင်းဓာတ်ပုံထဲကကောင်က ဘယ်ကသူတောင်းစားပါလဲ

ငါစိတ်ကုန်ပါပြီ မျက်စိစုံ မှိတ်ယုံစရာမရှိ

အရာရာမင်းရဲ့ ပတ်သက်ခဲ့သမျှ ဆိတ်သုန်းပါပြီ

ဇရှိတဲ့ မင်းရဲ့ နှလုံးသား စရိုက်ဆန်သောအခါ

ငါ့အချစ်နဲ့မင်းနဲ့လုံးဝ မထိုက်တန်တော့ပါ

ငါနင့်ကိုမုန်းတယ် ငါနင့်ကိုမုန်းတယ်

ဖြေရှင်းစရာဘာမှ မရှိတော့ဘူး

တခါက ပေးဆပ်ဖူးတဲ့ အချစ်များစွာ

ရုပ်သိမ်းပြီ ရုပ်သိမ်းပြီ ရုပ်သိမ်းပြီ

ငါနင့်ကိုမုန်းတယ်

ငါနင့်ကိုမုန်းတယ် ဒီနေ့နောက်ဆုံးပဲ

နင်ငါ့ကိုဖုုံးကွယ်ထားတယ် မျက်နှာကမဲ့ပြုံးနဲ့

နင်ပြောတဲ့စကားလုံးတွေ ငါ့အတွက် လက်ပစ်ဗုံးပဲ

သုံးနှစ်စာပတ်သက်ခဲ့သမျှ အခုကျတော့ နိဂုံးပဲ

ပြောပါဦး ငါတစ်ယောက်တည်းမှားတာလား

အရွဲ့တိုက်တယ် တိုက်တယ်ပြောပြီး နောက်တစ်ယောက်နဲ့သွားတာက

မင်းဖုန်းကိုလု Massage တွေပြစမ်း ဘာသဘောလဲဒါ

အချိန်းအချက်တွေလုပ်ထားတာ သူငယ်ချင်းလို့ပြောမှာလား

လက်ညှိုးနဲ့ထိုး ငေါက်ငေါက်ထိုးပြီး စွပ်စွဲလိုက်တယ်

နံရံပေါ်က ပန်းချီကားတွေ ဓါတ်ပုံတွေ ဆုတ်ဖြဲလိုက်တယ်

လက်သည်းနဲ့ကုတ် ပါးတွေရိုက်တော့ အော်ဆဲလိုက်တယ်

TV တွေ မှန်တင်ခုံတွေ ငါမြင်မြင်ရာ ငါရိုက်ခွဲလိုက်တယ်

သွားထွက်သွား ထွက်သွား နင်ကငါ့အတွက် ဒဏ်ရာပဲ

ငါ့ဘဝကိုက ကံတွေဆိုးတဲ့ ကြမ္မာဘဲ

နင့်မျက်နှာ နောက်တစ်ခါတွေ့ရင် ရန်ရှာမယ်

နောက်ဘဝ သံသရာအဆက်ဆက်နင် ဘယ်တော့မှ ပြန်မလာနဲ့

ငါနင့်ကိုမုန်းတယ် ငါနင့်ကိုမုန်းတယ်

ဖြေရှင်းစရာဘာမှ မရှိတော့ဘူး

တခါက ပေးဆပ်ဖူးတဲ့ အချစ်များစွာ

ရုပ်သိမ်းပြီ ရုပ်သိမ်းပြီ ရုပ်သိမ်းပြီ

ငါနင့်ကိုမုန်းတယ်

ငါအခုတော့သိပြီ ရင်ကိုတည့်တည့်ထိပြီ

နင်လေလုံးဝမငဲ့ညှာ ခံနိုင်စွမ်းလည်း မရှိပြီ

ရှေ့ဆက်ပြီးဘယ်လိုနေရမလဲ မတွေးတတ်တဲ့အစွန်း

ငါ့လက်ငါ ဘလိတ်ဓားနဲ့သွေးထွက်အောင်မွှန်း

အချစ်ဆိုတာ အရင်ကတော့ အဖျားငွေ့ငွေ့ပဲ ဒါပေမယ့်

တဖြည်းဖြည်းနဲ့ ကြာလာတော့လည်းအပူကြီးလာတယ်

ငါဒီမှာ နင်နဲ့ပက်သက်သမျှ ဘာမဆို အယူသီးပါတယ်

တကယ်ဆိုရင် သံယောဇဉ်ကအပူမီးပါပဲ

နင်က မေတ္တာတွေစူးမှာ

နင်က သစ္စာမဲ့ ဘီလူးမ

ဝဋ္ဋ်ကြွေးကြောင့်ဆုံလာရတာ အချစ်မပါတဲ့ဖူးစာ

ငါရူးခါအောင် မင်းကိုတောင့်တ ငတ်မွတ်နေလည်း

ရည်စားအဖြစ်က စွန့်လွှတ်လိုက်ပြီ လွမ်းဆွတ်မနေနဲ့

ငါနင့်ကိုမုန်းတယ် ငါနင့်ကိုမုန်းတယ်

ဖြေရှင်းစရာဘာမှ မရှိတော့ဘူး

တခါက ပေးဆပ်ဖူးတဲ့ အချစ်များစွာ

ရုပ်သိမ်းပြီ ရုပ်သိမ်းပြီ ရုပ်သိမ်းပြီ

ငါနင့်ကိုမုန်းတယ်

ငါနင့်ကို မုန်းပါတယ်

ဖြေရှင်းစရာဘာမှမရှိတော့ဘူး

တခါက ပေးဆပ်ဖူးတဲ့ အချစ်များစွာ

ရုပ်သိမ်းပြီး ရုပ်သိမ်းပြီး ရုပ်သိမ်းပြီ

ငါနင့်ကိုမုန်းတယ်

ငါနင့်ကိုမုန်းတယ်

Selengkapnya dari စိုင်းစိုင်းခမ်းလှိုင်

Lihat semualogo

Kamu Mungkin Menyukai

ငါနင့်ကိုမုန်းတယ် oleh စိုင်းစိုင်းခမ်းလှိုင် - Lirik & Cover