ငါလေမင်းနဲ့ချစ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ
မင်းကိုငါ ပိုယုံကြည်ခဲ့လို့
အခြေနေပေးရင်
တို့ရဲ့အချစ်တွေခိုင်မြဲအောင်
မိဘတွေဆီမှာလာတောင်းမယ်
ငါယုံကြည်တဲ့မင်းလေး
ငါအထင်ကြီးတဲ့ မိန်းခလေး
အခုတော့ ဘယ်လိုဖြစ်သွားလဲ
ငါနဲ့မင်းနဲ့ဝေးတဲ့
ဒီအချိန်တိုလေးအတွင်းမှာ
မင်းဟာနောက်တစ်ယောက်
ထပ်ရသွားပြီ
ဒီသတင်းဆိုးကြီးလွဲပါရစေ
ငါ့ဆုတောင်းတွေ မပြည့်ခဲ့ပါ
တကယ်ကိုဟုတ်ပါတယ်
တကယ်ကိုချစ်နေကြတဲ့
မင်းတို့အတွဲကို ငါတွေ့ခဲ့တယ်
တို့နှစ်ယောက်အချစ်က
မေ့ဖို့လွယ်သလား
မင်းလေးပြောစမ်းပါ
တို့နှစ်ယောက်ဝေးဖို့အကြောင်းကိုလည်း
ငါလေမစဉ်းစားခဲ့ပါ
မျှော်လင့်ထားတဲ့အတွေးတွေလည်း
အားလုံးအခုတော့ပျောက်ကွယ်
ငါတန်ဖိုးထားတဲ့မင်းလေးကို
အခြားလူတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ
ငါမြင်တွေ့နေတယ် ငါမြင်တွေ့နေတိုင်း
ငါ့ရဲ့စိတ်တွေတကယ်မကောင်းပါ
တစ်ကိုယ်ရည်တစ်ယောက်တည်း
လျှောက်လို့သွားနေ
ငါ့ရဲ့စိတ်တွေလေလွင့်နေ
မသေခင်ကတည်းက ဆွေးနေတဲ့
ငါ့ရဲ့အသည်းကို
အချစ်တွေနဲ့အတူ မြေမြုပ်လိုက်ပြီ
တို့နှစ်ယောက်အချစ်က
မေ့ဖို့လွယ်သလား
မင်းလေးပြောစမ်းပါ
တို့နှစ်ယောက်ဝေးဖို့အကြောင်းကိုလည်း
ငါလေမစဉ်းစားခဲ့ပါ
မျှော်လင့်ထားတဲ့အတွေးတွေလည်း
အားလုံးအခုတော့ပျောက်ကွယ်
ရေး ရေး
အားလုံးအခုတော့ပျောက်ကွယ်
ရေး ရေး
အားလုံးအခုတော့ပျောက်ကွယ်..
ကျေးဇူးတင်ပါတယ်
ဗားရှင်းမတူတဲ့ဆွေမြေ့အသည်း
ထပ်တင်ထားမည်ရှာပြီးဆိုကြည့်ပါ
ရဲနိုင်