ခန္ဓာကိုယ်နာကျင်ခြင်းထက်
ရင်ခွင်မှာ နာကျင်ခြင်းက
သိန်းသန်းမက ဆိုး--------
ကော်ဖီကို ဘယ်သူဖျော်ပေးမလဲ
ဆံပင်ရေစို ဘယ်သူသုတ်ပေးမလဲ
အို မိုးဖွဲလေးကျတဲ့နေ့မျိုး.....
ကံကြမ္မာစေညွှန်ရာ ခရီးအဆုံး
တို့နှစ်ယောက် လမ်းခွဲလေးတစ်ခုအရောက်...
သင်္ချာတွေ အတူတွက်ရင်းနဲ့
ဆံပင်ရှည်တွေ မနာလိုဘူးတဲ့
နင်တိုးတိုးလေး ပြော.......
ဒီဇင်ဘာ နေသာတဲ့တစ်ရက်
ပျော်ရွှင်စွာ အတူတူလက်ထပ်
မျှော်လင့်ချက်လေး အိုးဟို ဟိုး.........
ကားလမ်းဟိုးတစ်ဖက်က
အပြုံးများနဲ့လှမ်းပြခဲ့
ဝင်းပတဲ့ လက်စွပ်လေးတစ်ခု.......
ငါ.... ရင်တွေကွဲရပြီ
မထင်မှတ်တဲ့ အဖြစ်တစ်ခု
ဒဏ်ရာဒဏ်ချက်များကြားမှာ
နင်ဟာငြိမ်သက်သွားပြီ
မယုံနိုင်ဘူး... ဟူး...အူး....အူး...
မဆုံတော့ဘူး...ဟူး....အူး.....အူး...
Uploaded: မူယော
Go:02:00
ဒီဇင်ဘာ နေသာတဲ့တစ်ရက်
နင်မပါတဲ့ ခရေပင်လမ်းထက်
အလွမ်းများ ကြီးစိုး.........
ငါငိုတာ နင်မကြိုက်ဘူးတဲ့
ငါ မငိုအောင် ဘယ်သူဖန်ဆင်းမလဲ
တစ်ယောက်တည်းနေ့ ဆိုး အိုးဟိုဟိုး...
နေရောင်ပြယ်ချိန်တိုင် ငါမပြန်နိုင်
ပန်းများကြား သွေးစွန်းသော
လက်စွပ်လေးတစ်ခု
တစ်စုံတစ်ရာဟာ
အနားကပ်ခေါ်သံ ကြား...သလို
ငါမမြင်နိုင်တောင်
နွေးသွားအောင် ဖက်ထား....ဦး...
မဆုံတော့ဘူး..............
မဆုံတော့ဘူး..............