menu-iconlogo
huatong
huatong
avatar

အချစ်ဆိုသည်မှာ(Guitar)

Cover😝မူယော😝huatong
❤♛↤🇰ΐ🇳₲↦♛❤huatong
Lirik
Rekaman
အချစ်ဆိုသည်မှာ

အချစ် ဆိုသည်မှာ

အံ့သြမှုများနဲ့ ဆန်းကြယ်သောအရာ

အချစ် ဆိုသည်မှာ

လူသားတိုင်းရဲ့

နှလုံးသားထက်က အရှင်သခင်

အချစ် ဆိုသည်မှာ

ကြေကွဲခြင်းနဲ့ မျက်ရည်တို့ရဲ့ ကဗျာ

အချစ် ဆိုသည်မှာ

ခံစားချက်တို့ မွေးဖွားရာနေရာ...

တကယ်ဆိုရင် အချစ်ဟာ

ဖြေရှင်းမရတဲ့ ပြသာနာ

အချစ်ဟာ အဖြေရှာမရတဲ့ ပုစ္ဆာ

ငါကိုယ်တိုင်

အချစ်ဟာဘာလဲ မသိတော့ပါ

တစ်ခါတစ်ရံ အချစ်ဆိုတဲ့အရာနဲ့

ဆုံဆည်း လိုက်ချင်လဲ

တစ်ခါတစ်လေတော့

အချစ်နဲ့ ဝေးချင်တယ်...

အချစ် ဆိုသည်မှာ

ကြည်နူးကြတဲ့ အခိုက် လမင်းတစ်ရာ

အချစ် ဆိုသည်မှာ

ဝမ်းနည်းတဲ့အခါ နေမင်းကုဋေကုဋာ

အချစ် ဆိုသည်မှာ

တားဆီးတတ်ခဲ့ အိပ်စက်ခြင်းများစွာ

အချစ် ဆိုသည်မှာ

အိပ်မက်များနဲ့ အာရုဏ်ဦး အလှတရား

တကယ်ဆိုရင် အချစ်ဟာ

ဖြေရှင်းမရတဲ့ ပြသာနာ

အချစ်ဟာ အဖြေရှာမရတဲ့ ပုစ္ဆာ

ငါကိုယ်တိုင်

အချစ်ဟာ ဘာလည်း မသိတော့ပါ

တစ်ခါတစ်ရံ အချစ်ဆိုတဲ့အရာနဲ့

ဆုံဆည်း လိုက်ချင်လဲ

တစ်ခါတစ်လေတော့

အချစ်နဲ့ ဝေးချင်တယ်...

တစ်ခါတစ်လေတော့

အချစ်နဲ့ဝေးချင်တယ််...

Uploaded

?HABIBIE?

?မူယော?

Selengkapnya dari Cover😝မူယော😝

Lihat semualogo

Kamu Mungkin Menyukai