သီချင်း - လူငယ်သက်တန့်
တေးဆို - Eternal Gosh
ကလေးလေးတစ်ယောက်ရဲ့ အိပ်မက်
လူလတ်ပိုင်းထိ စွဲလမ်းခဲ့
မိဘအရိပ်ကနေထွက်
ယုံကြည်သောလမ်းမများထက်
တောင်တွေကျော်ဖြတ်ခဲ့ဖူးတယ်
ပင်လယ်ကျော်ဖြတ်ခဲ့ဖူးတယ်
လမ်းပျောက်ခဲ့တဲ့နေစွဲ လဲကျခဲ့နှစ်လရက်
စိတ်ဓာတ်မကျပဲ ငါတို့ကြိုးစားပြီးရှေ့ဆက်
ရည်ရွယ်ခဲ့သော ဘဝပန်းတိုင်
ဘယ်လိုအခက်ခဲတွေတွေ့ပါစေ
ရင်ဆိုင်ခဲ့
လူငယ်အိပ်မက်တွေပေါင်းစပ်ခြင်းဟာ ခံယူချက်
ဒီကမ္ဘာမြေကြီးရဲ့ဆွဲအားနဲ့
မိုးကောင်းကင်ကြီးထဲ ဘောလုံးလေးများလို
ငါမျှော်လင့်ချက်တွေ လွှတ်တင်ဖူး
မက်ခဲ့ဖူးတဲ့ အိပ်မက်တွေ
မိုးစက်များလို ပြုတ်ကျလာခဲ့ပြီအခု
နေရောင်ခြည်ထဲကနေ ယုံကြည်မှု
ဒါ မင်းရှေ့က သက်တန့်တစ်ခု
(ဝိုး .. ဝို .. ဝိုး ..) x 4
(အို .. အို .. အိုး ..) x 2
ကျောင်းသားဘဝကလိုပဲ
စာမေးပွဲသိပ်ကြောက်ခဲ့
ဘဝနဲ့ပတ်သတ်လာတဲ့
ကြုံလာသမျှ မေးခွန်းတိုင်းအတွက်
အဖြေကို ဒီဘဝသင်ခန်းစာထဲမှာ
ကိုယ်တိုင်ရှာတွေ့ခဲ့ဖူးတယ်
ရင်ဆိုင်ခဲ့
လူငယ်အိပ်မက်တွေပေါင်းစပ်ခြင်းဟာ ခံယူချက်
ဒီကမ္ဘာမြေကြီးရဲ့ဆွဲအားနဲ့
မိုးကောင်းကင်ကြီးထဲ ဘောလုံးလေးများလို
ငါမျှော်လင့်ချက်တွေ လွှတ်တင်ဖူး
မက်ခဲ့ဖူးတဲ့ အိပ်မက်တွေ
မိုးစက်များလို ပြုတ်ကျလာခဲ့ပြီအခု
နေရောင်ခြည်ထဲကနေ ယုံကြည်မှု
ဒါ မင်းရှေ့က သက်တန့်တစ်ခု
(ဝိုး .. ဝို .. ဝိုး ..) x 2
မင်းရှေ့က ယုံကြည်မှု
(ငါတို့ ရှေ့မှာ) x 2
မင်းရှေ့က ယုံကြည်မှု
(ငါတို့ ရှေ့မှာ)
မင်းရှေ့က သက်တန့်တစ်ခု
(အို .. အို .. အိုး ..) x 4