menu-iconlogo
huatong
huatong
avatar

နှင်းဆီကဗျာ

Floke Rosehuatong
pfing7huatong
Lirik
Rekaman
သီချင်း - နှင်းဆီကဗျာ

Artist - Floke Rose

YES SIR !

အမှောင်ကြောက်တဲ့ မင်းအတွက်

ကြယ်လေးတွေသီထားတယ်

အချစ်ရယ် ဆက်ထုံးကင်းကင်းနဲ့

စိတ်ချင်း ငါတို့ချည်ကြမယ်

တိမ်တွေကို အမြစ်တွယ်ထားတဲ့

ကောင်းကင်စိုက်ခင်းထဲမှာ

အမျိုးသမီးလေးတစ်ယောက်ဟာ

လှချင်တိုင်းကို လှနေပါတယ်ဗျာ

တောင်တွေဟာ နီးလေမြင့်လေပဲ

လွယ်လွယ်နဲ့ အစစ်မထင်ပါနဲ့

ဂုဏ်ဓနဟာ သုညမို့လို့

အချစ်ရယ် အပြစ်မမြင်ပါနဲ့

အသံကုန်ဟစ်လို့

အလွမ်းတွေသာပြေနိုင်မယ်ဆိုရင်လေ

ဒီတစ်ခေါက်နွေတော့

ကျွန်တော် ဥသြလေးတစ်ကောင်သာ

ဖြစ်ချင်ပါရဲ့...

သူ့အကြောင်း အိပ်မက်တွေ ညနဲ့ဆံ့ဖို့

ကျွန်တော် မလုပ်နိုင်ဘူးဗျ

ချစ်ခရီးဟာ ဖြစ်ပြီးရင်

ပြန်မဆုတ်နိုင်ဘူးဗျာ

နှင်းဆီပန်းလေးဟာ

သတိရလွန်လွန်းလို့ လွမ်းနေရရှာတယ်

ကိုယ့်ထမင်းကိုယ်စားပြီး

သူများသားသမီးကို လွမ်းနေရပါတယ်...

မှောင်မဲချိန်တိုင်းမှာ အလင်းပေးနိုင်ဖို့

ဖယောင်းတိုင်တစ်ချောင်းလိုမျိုး

လောင်ကျွမ်းမယ့် သူပါ...

ဘဝရဲ့ ကွက်လပ်များ ဖြည့်နိုင်ဖို့

မင်းငါ့ကိုပေးခဲ့သော

အချစ်ရဲ့ အဓိပ္ပာယ်များ...

ငှက်ကလေးနှစ်ကောင် ပူးကပ်လို့

လေမှာ ဝဲမျော

တွေ့လား အချစ်ကလေး ?

မင်းမော့ကြည့်လိုက်

မင်းနဲ့ ငါ့လိုပဲပေါ့

မင်း မရှိရင် သေမှာပဲနော်...

အချစ်ကို ချိုတယ်၊ခါးတယ်ဆိုပြီး

အရသာခွဲ မနေပါနဲ့တော့

အရင်က ဘာသာမဲ့တဲ့ကောင်

မင်းကိုမှ ကိုးကွယ်တတ်လာတာ

မင်းဆံပင်လေးကို နားရွက်နောက်ပို့ရတဲ့

အချိန်တိုင်းဟာ ရက်ရာဇာ

မတွေ့ရတဲ့ တစ်ရက်တာဟာ

ရာသီများစွာ အလား

မင်းပါးလေးအမြဲတမ်းထိုင်ညှစ်ချင်တာ

အာသီသပါကွာ

အခုကစ ကြိုးစားနေ

ဖြစ်ပြီ အလုပ်အကိုင် အတည်တကျ

ငါ့အမေပြီးရင် မင်းကိုပဲ

အချစ်ဆုံးဆိုတာကို သိလား

အမြဲတမ်းမက်တယ် အိပ်မက်ထဲ...

နိုးလာရင် မင်းမရှိဘူး

အိပ်ယာထ မျက်စိဖွင့်တိုင်း

မင်းကိုရှာတာ မင်းမသိဘူး

မင်းက နှင်းဆီဖူး

ကိုယ်က ဆူးညှောင့်ပါ အချစ်ရယ်

ဝင်သက်ထွက်သက်တိုင်းမှာ

မင်းကို ရူးလောက်အောင်ချစ်တယ်

လက်နက်ချ အရှုံးပေးလို့

ဒူးထောက်ပါတယ်

ပူလိုကိအေးလိုက် အချစ်ပုစ္ဆာထဲမှာ

အရူးတစ်ယောက်လိုပါပဲ

မှောင်မဲချိန်တိုင်းမှာ အလင်းပေးနိုင်ဖို့

ဖယောင်းတိုင်တစ်ချောင်းလိုမျိုး

လောင်ကျွမ်းမယ့် သူပါ...

ဘဝရဲ့ ကွက်လပ်များ ဖြည့်နိုင်ဖို့

မင်းငါ့ကိုပေးခဲ့သော

အချစ်ရဲ့ အဓိပ္ပာယ်များ...

ဆော်လေး သရဏံဂစ္ဆာမိ ဆိုတော့

ဝိုင်းပြီးတော့ လှောင်ကြတယ်

မင်းရဲ့ နှလုံးသား လယ်ယာမြေမှာ

ငါ့မျိုးစေ့ပဲအောင်ရမယ်

ဘဝမှာ ရုန်းကန်ရတာ ခက်ခဲလို့

ဘယ်လောက်ပဲ ပင်ပန်းပါစေအချစ်ရယ်

မင်းပြုံးလိုက်လို့ သွားလေးပေါ်လာတိုင်း

ရင်ထဲမှာ ပန်းတွေပွင့်တယ်...

နာတာရှည်အလွမ်းတွေနဲ့ အိပ်မက်ငတ်သူကို

ပြန်လို့ ဆေးချယ်

သက်တမ်းစေ့ ရှင်သန်ချင်ပါတယ်

ဘဝရဲ့ နံရိုးလေးနဲ့

တစ်နေ့ကျ လက်ထပ်ဖို့ စိတ်ကူးယဥ်..

အနာဂတ်မှာ လက်တွေ့ကျ

မင်းစိတ်တိုင်းကျ ပုံဖော်ထားတဲ့

အိမ်ကလေးထဲ ဖက်ပွေ့ကြ

မိသားစုဆိုတဲ့ အသိုက်အမြုံထဲ

ငါတို့ နှစ်ယောက်နွေးထွေးစွာ

ဆံပင်ကောက်ကောက် ပါးဖောင်းဖောင်း

သမီးလေး မွေးပေးပါ

ပစ္စုပ္ပုန်ထက် အနာဂတ်အရေးကြီးတယ်

မင်းတွေးခေါ်သမျှတွေ

ဘယ်နေ့သေမှန်းမသိတဲ့ ဘဝမှာ

ဒီနေ့ပဲ ငါပျော်ပါရစေ

မှောင်မဲချိန်တိုင်းမှာ အလင်းပေးနိုင်ဖို့

ဖယောင်းတိုင်တစ်ချောင်းလိုမျိုး

လောင်ကျွမ်းမယ့် သူပါ...

ဘဝရဲ့ ကွက်လပ်များ ဖြည့်နိုင်ဖို့

မင်းငါ့ကိုပေးခဲ့သော

အချစ်ရဲ့ အဓိပ္ပာယ်များ...

မင်းငါ့ကိုပေးသော

အချစ်ရဲ့ အဓိပ္ပာယ်များ.....

Selengkapnya dari Floke Rose

Lihat semualogo