menu-iconlogo
huatong
huatong
avatar

ကွိုး

G Fatthuatong
renaudcarmenhuatong
Lirik
Rekaman
သီချင်း - ကြိုး

တေးဆို - G fatt, Pan Yaung Chel

တကယ်နဖူးတွေ့ ဒူးတွေ့

လမး်ခွဲကြပြီဆိုကာမှ

ပြတ်သားဖို့ခက်နေတဲ့

ငါ့စိတ်ဓာတ်လေးကို ငါသိပ်သနား

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့

ငါ တိုင်တွေပတ်လို့ပါ

ဆက်တွဲမလား ကွဲမလား

မင်းရဲ့ဘက်က ဆုံးဖြတ်ချက်ချပါ

ဘယ်သူမှားမှား ဘယ်သူမှန်မှန်

နောက်ဆုံးတော့ နင်အနိုင်ပါ

ဒီအချိန်ဆို ဘယ်သူနဲ့

ဘာစကားတွေ ပြောနေမလဲကအစ

ငါအလိုလိုစိတ်ထဲ

မဝံ့မရဲ ပေါက်ကွဲနေမိတော့တာ

ပြန်လာရင် အရင်အတိုင်း

အရင်စိတ်တွေနဲ့

ပြန်ချစ်ဖို့အသင့်ပါ

နေရာတကာ ငါတို့

လျှောက်သွားပျော်ပါးခဲ့တာ

အချိန်ကြာကြီး ကြာလည်း

နင်မေ့နိုင်လို့လား

တကယ်နဖူးတွေ့ ဒူးတွေ့

အသဲကွဲသွားပြီ ဆိုကာမှ

ပိုချစ်တဲ့ဘက်က ရှုံးနိမ့်ရမှာ

ဓမ္မတာလား

နာကြည်းချက်က တစ်ဝက်

အလွမ်းတစ်ဝက်နဲ့

ငါ တိုင်တွေပတ်လို့ပါ

ဆက်လည်းမတွဲချင်

ကွဲလညး်မကွဲရဲတဲ့

အခြေအနေပါ

ဘယ်သူမှားမှား ဘယ်သူမှန်မှန်

နောက်ဆုံးတော့ နင်အနိုင်ပါ

Yeah သူ့ဘက်က ထွက်သွားဖို့သေချာလည်း

ကျွန်တော့်ဘက်က မပြတ်သားလို့လေဗျာ

ပြတ်သားဖို့ဆို ဘယ်လိုနတ်ဘုရားမျိုးတွေ

သွားဆုတောင်း ရမလဲဆိုတာ

ခင်ဗျားတို့ဖြေပါ

နောက်တစ်ယောက်က မင်းပုခုံးကို

ဖက်ထားလို့နေမလား

Hey မင်းမကြိုက်တဲ့ စီးကရက်တွေ

လက်ကြားထိုးနေကြ

ဒီကောင်က ငှက်ဖျားပိုးတွေများ

ဝင်နေသလို မအိပ်နိုင် မစားနိုင်နဲ့

အလွမ်းတွေက ငါ့

ခေါင်းအုံးလေးထက်မှာ

ကွက်ကြားမိုးတွေရွာ

အမြဲနင့်ဘက်က တစ်ဖက်သက်ရန်လုပ်

ကပ်ကပ်လန်လို့ ရည်းစားထားတာ

လက်ထပ်ရန်မဟုတ် ဆိုပြီး

ငါ့ကို အနီးအနားက

အပြတ်အသတ် ကန်ထုတ်

ကွဲသွားတဲ့ အသည်းလေးအား

အထပ်ထပ် ပြန်ချုပ်

နင့်လက်က အိုးမဲနဲ့

နင့်မိဘ မျက်ခွက်ပြန်သုတ်

နင်စော်ကားတဲ့ ငါ့အသိုငး်အဝိုင်းက

တစ်ကျပ် နှစ်ကျပ်တန် မဟုတ်

မာနချင်းပြိုင်ပြီး ရန်ဖြစ်တဲ့ပွဲတိုင်းမှာ

ပိုချစ်တဲ့ငါကပဲ ခွက်ခွက်လန်ရှုံး

ဒီအချိန်ဆို ဘယ်သူနဲ့

ဘာစကားတွေ ပြောနေမလဲကအစ

ငါအလိုလိုစိတ်ထဲ

မဝံ့မရဲ ပေါက်ကွဲနေမိတော့တာ

ဒီအချိန်ဆို ဘယ်သူနဲ့

ဘာစကားတွေ ပြောနေမလဲကအစ

ငါအလိုလိုစိတ်ထဲ

မဝံ့မရဲ ပေါက်ကွဲနေမိတော့တာ

ပြန်လာရင် အရင်အတိုင်း

အရင်စိတ်တွေနဲ့

ပြန်ချစ်ဖို့အသင့်ပါ

နေရာတကာ ငါတို့

လျှောက်သွားပျော်ပါးခဲ့တာ

အချိန်ကြာကြီး ကြာလည်း

နင်မေ့နိုင်လို့လား

နေရာတကာ ငါတို့

လျှောက်သွားပျော်ပါးခဲ့တာ

အချိန်ကြာကြီး ကြာလည်း

နင်မေ့နိုင်လို့လား

Selengkapnya dari G Fatt

Lihat semualogo