menu-iconlogo
huatong
huatong
avatar

လူသားသစ္စာ

G Fatthuatong
prittii13huatong
Lirik
Rekaman
GFatt

လူသားသစ္စာ

ငါ ဒီနေ့ကစ နင့်စိတ်နဲ့ပဲ အသက်ရှူမှာ

ငါ့ကို တုတ်တုတ်မှ

မလှုပ်နိုင်အောင် နင် ထပ်ပြုစား

ကျုပ်က ဘောပင် ဒါဆို

ခင်ဗျားက စက္ကူစ

ပကာသနတွေ ချွတ်ပစ်လိုက်

GFATT မဟုတ်ဖူး မြတ်သူပါ

ကံတရားကို ကပ်တိုးငါငြိပြီး

လာဘ်ထိုးစရာမရှိ

ကျုပ်က ခင်ဗျားခြေထောက်နဲ့ မတော်တဲ့

ဖိနပ်မျိုးပါ အမိ

မနက်ကိုးနာရီ အိပ်ရာထတာနဲ့ပဲ

အမြတ်တနိုးငါ ကြည့်ဖို့ နင့်ဓါတ်ပုံကို

ထပ်ခိုးမှာချည်

ရူးနေပြီပေါ့ ငါ ယဉ်ယဉ်လေးနဲ့

နင်ပြင်ပေးတဲ့ မနက်စာစားပြီးသွားကြောင်း

င်္ ပေါ်တောင် တင်ချင်သေးရဲ့

တစ်ခါတစ်လေ ကြက်တူရွှေးလို

ငှက်ကလေး ဖြစ်ချင်

ဒါမှ နင့်ကို ချစ်တယ် ပြောပြီးတော့ ငါ

Relationship

နောက်ဆို ဘယ်လို အကြောင်းပြချက်နဲ့မှ

အိမ်အလည်မလာနဲ့

ဖုန်းလည်းမဆက်နဲ့ မအားလို့တဲ့

လိမ်တယ် ညာတယ်

သူ့သူငယ်ချင်းတွေရှေ့

မောင်းထုတ်ရင် ပိုသိမ်ငယ်ပါရဲ့

တစ်နေ့တစ်နေ့ ကျုပ်မှာ ကံတရားကို

ကျိန်တွယ်ကာဆဲ

မင်းလေးကိုပေးမယ်

သီချင်းတွေ ဂစ်တာတီးရင်းဆို

ငါ့ရာသီထဲ နင့်အပြုံးတွေသာ သီးပွင့်လို့

ဖွင့်မပြောရဲတဲ့ စိတ်နဲ့

ငါ စီးချင်းထိုး

ရှက်ဖို့ကောင်းပါတယ်

ငါ့မျက်နှာငါ ပြန်လှီးပစ်မလို့

ရို့

ဒီလူသားက အလှဆုံး

နှလုံးသား တစ်ခုပေးချင်လို့ပါ

ရွှေမင်းသမီးလေးရဲ့ မျက်နှာတော်ညိုးမှာ

သေအောင်ကြောက်လို့

ဖွင့်မပြောရဲခဲ့တာ

ရာစုနှစ်များစွာကြာ

ဒီလူသားဘ၀ ချို့ယွင်းချက် အားနည်းချက်

အပြည့်အ၀နဲ့သာ

အဖြူသက်သက် အချစ်ကတော့ သန်းပေါင်းများစွာ

တစ်ဘ၀လုံးအတွက်

မယိုင်လဲတဲ့ သစ္စာပါဗျာ

ဒီသီချင်းနဲ့ သိစေချင်တာ

အချစ်က မင်းအလှပြင်ခုံထက်က မှန်တစ်ခုမဟုတ်

ဒါကြောင့် နင်မဲ့ပြလဲ

ငါပြန်ပြုံးမယ် ရန်မပြုလို့

နင့်မိဘ နင့်အတွက်

အုပ်တံတိုင်းဆို ငါက အဲ့ဒီ

အုပ်တံတိုင်းပေါ်က သံစူးကြိုး

ဘာလို့ ပြောတာလဲ နင်နဲ့ငါ မတန်ဘူးလို့

ဆုပ်ဖြဲလိုက်တဲ့ ပြကတိန် ရွက်ဟောင်းတွေလို

အသုံးမ၀င်တော့ဘူး

ခံစားချက်တွေ တစ်ဖက်စောင်းနေလို့

ပလောင်တောင်တက်နှေးလဲ မစားရဘူး

လက်ဘက်ကောင်းတွေကို

တွေ့တာနဲ့ ကျုပ်ကို မျက်စောင်းတွေထိုး

ဒါ ဘာ ဖြစ် လို့ပါလဲ အချစ်ဆုံးရာ

မင်းကိုလက်ထပ်ဖို့ မုန့်ဖိုးတွေစုမယ်

တစ်နှစ်လုံးစာ

အိပ်မက်က လက်တွေ့ မဖြစ်တုန်းမှာ

သူရည်းစားရသွားပြီဆိုတော့

မင်းက ၀က်အူလှည့်

ငါက မူလီတွေလို အရစ်ပြုံးသွား

ဝမ်းနည်းပက်လက်နဲ့

အခန်းထဲ ကက်ဆက်ထည့်

အဆွေးသီချင်းတွေဖွင့် အရမ်းပဲရက်စက်တယ်

အတူရှိဖူးတဲ့ ရက်စွဲများမေ့နေလား

နင်ညှပ်ချခဲ့တဲ့ လက်သည်းစလေးတွေ

ဒီလူသားက အလှဆုံး

နှလုံးသား တစ်ခုပေးချင်လို့ပါ

ရွှေမင်းသမီးလေးရဲ့ မျက်နှာတော်ညိုးမှာ

သေအောင်ကြောက်လို့

ဖွင့်မပြောရဲခဲ့တာ

ရာစုနှစ်များစွာကြာ

ဒီလူသားဘ၀ ချို့ယွင်းချက် အားနည်းချက်

အပြည့်အ၀နဲ့သာ

အဖြူသက်သက် အချစ်ကတော့ သန်းပေါင်းများစွာ

တစ်ဘ၀လုံးအတွက်

မယိုင်လဲတဲ့ သစ္စာပါဗျာ

ဒီသီချင်းနဲ့ သိစေချင်တာ

ဒီလူသားက အလှဆုံး

နှလုံးသား တစ်ခုပေးချင်လို့ပါ

ရွှေမင်းသမီးလေးရဲ့ မျက်နှာတော်ညိုးမှာ

သေအောင်ကြောက်လို့

ဖွင့်မပြောရဲခဲ့တာ

ရာစုနှစ်များစွာကြာ

ဒီလူသားဘ၀ ချို့ယွင်းချက် အားနည်းချက်

အပြည့်အ၀နဲ့သာ

အဖြူသက်သက် အချစ်ကတော့ သန်းပေါင်းများစွာ

တစ်ဘ၀လုံးအတွက်

မယိုင်လဲတဲ့ သစ္စာပါဗျာ

ဒီသီချင်းနဲ့ သိစေချင်တာ

ကျေးဇူးပါရှင့်

SGF Katherine

Selengkapnya dari G Fatt

Lihat semualogo