menu-iconlogo
huatong
huatong
avatar

အလွမ်း

Gae Gaehuatong
smerk_jbhuatong
Lirik
Rekaman
သီချင်း - အလွမ်း

တေးဆို - ဂေဂေး

မနက်ခင်းဆို ၆နာရီမှာထနိုင်ပါတယ်

မင်းနဲ့မြူခိုးတွေကြားမှာ ချိန်းဆိုကာ

ထိုင်စောင့်ခဲ့မိပါတယ် အရောင်စုံတဲ့

ရေကန်ကြီးရဲ့အနားတဲ့

အဖြူရောင်နှင်းတွေ

တကိုယ်လုံးကိုလွှမ်းခြုံထားနေပါတယ်

မင်းအတွက် အနွေးဓာတ်လေးကိုပေးမယ်

ငါထင်ထားခဲ့မိပါသည်။

အချိန်တွေကုန် အရောင်မှိန်သွားနေ့များ၀ဲ

ဘယ်လိုမှ ချိန်းလို့မရတဲ့

မင်းန့ဲငါ့အဖြစ်တွေဟာ

ငါမထင်ထားတဲ့ နောက်ထပ်(၃)ရက်ကြာမှ

ပြန်ကြားပါတယ် နင်မေ့သွားပြီတဲ့၊

ဒီလူကိုနင်မေ့သွားပြီတဲ့

ရေကန်ကြီးရဲ့အနားမှာ

ငါကအရောင်တွေဖျော့လာတယ်

ဘယ်သူမှ ဘေးနားမရှိပါဘူး

ငါကျောက်ရုပ်ဖြစ်လာသူ

နင်ပေးတဲ့အလွမ်းတွေက

နင်ပေးတဲ့အလွမ်းတွေက

ငါခံစားပါတယ် သေရာပါငါခံစားပါတယ်

ခန္ဒာကြီးမလဲကျခင် အချိန်ထိငါမျော်လင့်နေတယ်

ရင်ခုန်သံတိုးလို့သွားတာလား

ငါလှုပ်လို့မရပါကွာ

နင်ပေးတဲ့အလွမ်းတွေက

နင်ပေးတဲ့အလွမ်းတွေက

လာလားလာ..လာလားလာ လာလားလာ

အတိတ်ဟောင်းတွေ ငါ့ရင်ဘတ်မှာ

စွန်းထင်နေပြီ အလွမ်းပဲ

နေ့များစွာငါ့မှာဖြတ်ကျော်လာတယ်

မင်းကသိပါ့မလား အရင်ချိန်လို

သာယာမူတွေေ၀းသွား

အမှောင်ကျတဲ့အခန်းငယ်ထဲမှာ

အထီးကျန်စွာနေသွားမယ်

နင်ပေးခဲ့တုန်းက

အနမ်းတွေ ငါပြန်တမ်းတမိပါတယ်

ဘယ်အချိန်မှာ ပြန်ဆုံကြပါ့မလဲ

ဘယ်လိုမှရှင်းလို့မရတဲ့ မင်းအကြောင်း

ငါ့ဆီမှာ ရောင်နီအလင်းတန်းနောက်ထပ်

ရောက်လာမှ လန့်နိုးလာတယ်

နင်မေ့သွားပြီတဲ့၊ ဒီလူကို

နင်မေ့သွားပြီတဲ့ နင်မရှိတဲ့အခန်းမှာ

ငါဟာအရောင်တွေဖျော့လာတယ်

ဘယ်သူမှ ဘေးနားမရှိပါဘူး

ငါကျောက်ရုပ်ဖြစ်လာသူ

နင်ပေးတဲ့အလွမ်းတွေထ

နင်ပေးတဲ့အလွမ်းတွေထ

ငါခံစားပါတယ် သေရာပါငါခံစားပါတယ်

ခန္ဒာကြီးမလဲကျခင်

အချိန်ထိငါမျော်လင့်နေတယ်

ရင်ခုန်သံတိုးလို့သွားတာလား

ငါလှုပ်လို့မရပါကွာ

နင်ပေးတဲ့အလွမ်းတွေက

နင်ပေးတဲ့အလွမ်းတွေက

အိုးအိုးအိုး.....

Selengkapnya dari Gae Gae

Lihat semualogo