menu-iconlogo
huatong
huatong
he-lay--cover-image

ခွဲခွာရမယ့်နွေရက်များ

He Layhuatong
cpaabv01huatong
Lirik
Rekaman
သီချင်း - ခွဲခွာရမယ့်နွေရက်များ

တေးဆို - ဟဲလေး

ကျောင်းကြီးပိတ်ဖို့ နီးပြီးလေ

အချိန်တွေရာသီ

ပန်းလိုက်ရိုက်လို့လာပြန်ပေါ့်လေ

ဟန်ဆောင်ကာနေလဲ ေ၀ဒနာတွေရှာခဲ့

ခွဲရမှာကြောက်တယ်

တစ်ယောက်နဲ့တစ်ယောက်အနေေ၀းရင်သာ

အိုတကယ်လို့များ

မတွေ့ခဲ့ဖူးတဲ့သူလိုနေမလားလေ

ကြင်နာသူရေ အချိန်တွေကြာရင်

မှတ်မိနိုင်ပါမလား

မတွေ့ကြပေမဲ့မမေ့နဲ့နော်

တို့ရဲပျော်စရာအချိန်တွေကို

စဉ်းစားတွေးတောကာလေကြည့်လိုက်ပါ

မကြာခင်မှာပြန်လည် ဆုံတွေ့ကြစို့နော်

မျော်ကာစောင့်စား ပျော်စရာရက်များ

ချိုးလက်ရေတွေနဲ့

ကျောင်းကြီးပိတ်ဖို့ နီးပြီးလေ

အချိန်တွေရာသီ

တပေါင်းလရောက်လို့လာပြန်ပေါ့လေ

ဟန်ဆောင်ကာနေလဲ ေ၀ဒနာတွေရှာခဲ့

ခွဲရမှာကြောက်တယ်

ကျောင်းကြီးပိတ်လို့အေ၀းတစ်နယ်စီ

ပြန်မယ်ဆို ဆွေးရအုံးတော့မှာပါပဲလေ

ကိုယ်တကယ်အစဉ်အမြဲ ရင်မှာမချိလဲ

သတိရနေမှာပါ

မတွေ့ကြပေမဲ့မမေ့နဲ့နော်

တို့ရဲပျော်စရာအချိန်တွေကို

စဉ်းစားတွေးတောကာလေကြည့်လိုက်ပါ

မကြာခင်မှာပြန်လည် ဆုံတွေ့ကြစို့နော်

ကြင်နာသူရေ ကြင်နာသူရေ

အောက်မေ့နေမယ်လေ

မတွေ့ကြပေမဲ့မမေ့နဲ့နော်

တို့ရဲပျော်စရာအချိန်တွေကို

စဉ်းစားတွေးတောကာလေကြည့်လိုက်ပေါ့

မကြာခင်မှာပြန်လည် ဆုံတွေ့ကြစို့နော်

ကြင်နာသူရေ ကြင်နာသူရေ

အောက်မေ့နေမယ်လေ

ကြင်နာသူရေ ကြင်နာသူရေ

အောက်မေ့နေမယ်လေ

Selengkapnya dari He Lay

Lihat semualogo