လွမ်းဒီပါ
ဪ အလွမ်း အလွမ်းရယ်
တို့တစ်တွေငယ်စဉ်ကဆို
စိန်ပန်းပြာရိပ်မှာ
ချွေးသိပ်ခိုနား
ဆော့ကစားခဲ့တာတွေ
နှစ်တွေအလီလီပြောင်းခဲ့ပေမယ့်
ငယ်ပေါင်းချစ်သူအလွမ်းကို
မေ့မရသူကဒီပါရယ်လေ
ဪ သမုဒယတွယ်ငြိခါမှ
ပျောက်ဆုံးသူကအလွမ်းရယ်ပါလေ
စိန်ပန်းပြာရေ
လွမ်းစရာဒီပါမြေက
ဘာပဲတွေးနေဆွေးနေသူက
အလွမ်းရဲ့ဒီပါပေ
အချစ်ရေပြန်လာပါလှည့်
လွမ်းဒီပါရဲ့ လွမ်းဒီပါမြေ
စိန်ပန်းပြာလည်းပွင့်မြဲအချစ်ရေ
မျှော်ရသူလည်းလွမ်းလို့ဖြေလဲမပြေ
တို့တစ်တွေငယ်စဉ်ကဆို
စိန်ပန်းပြာရိပ်မှာ
ချွေးသိပ်ခိုနား
ဆော့ကစားခဲ့တာတွေ
နှစ်တွေအလီလီပြောင်းခဲ့ပေမယ့်
ငယ်ပေါင်းချစ်သူအလွမ်းကို
မေ့မရသူကဒီပါရယ်လေ
ဪ သမုဒယတွယ်ငြိခါမှ
ပျောက်ဆုံးသူကအလွမ်းရယ်ပါလေ
စိန်ပန်းပြာရေ
လွမ်းစရာဒီပါမြေက
ဘာပဲတွေးနေဆွေးနေသူက
အလွမ်းရဲ့ဒီပါပေ
အချစ်ရေပြန်လာပါလှည့်
လွမ်းဒီပါရဲ့ လွမ်းဒီပါမြေ
စိန်ပန်းပြာလည်းပွင့်မြဲအချစ်ရေ
မျှော်ရသူလည်းလွမ်းလို့ဖြေလဲမပြေ