menu-iconlogo
huatong
huatong
avatar

လင်းခေးအ၀င်

hseng samhuatong
newsophiah23huatong
Lirik
Rekaman
သီချင်း - လင်းခေးအဝင်

တေးဆို - ဆိုင်စံ

တောပန်းကလေးများနဲ့

လှချင်တိုင်းလှနေပါတယ်

လမ်းလေးကွေ့ကောက်ရာ ဘေးနှစ်ဘက်မှာ

အဆင်းအတက် ခရီးဆက်လို့

ဖြတ်ကျော် မြင်ကွင်းရှေ့မှာ

တောင်ပြာတန်းတွေ ဆီးလို့ကာ

မွေးရပ်မြို့ကလေးဆီ

ရောက်ဖို့နီး တွေးပျော်နေပြီ

မိဘနဲ့အမျိုးအဆွေ အားလုံးကို

အပေါင်းအသင်း ရောင်းရင်းများ

ဝမ်းသာလို့မဆုံး ပေါ့လေ

ကျယ်ကျယ်လောင်လောင် နှုတ်ဆက်နေ

သာယာတဲ့

တိမ်လွှာတိမ်လိပ် အနားရောက်အောင်

တောင်ပြာတွေအဆင့်အဆင့် မြင့်မားစွာ

ရောက်ချင်စော

မျှော်သူရင်မော နွမ်းလှပြီ

အမြင်သာနီး ခရီးဝေးတဲ့တောင်

မှိုင်းညို့ဆိုင်းလို့ရယ်

နှင်းမြူတွေ လွမ်းခြုံတဲ့ကြား

ချောင်းကလေးကလည်းအသာ စီးဆင်းကာ

အတန်းလိုက် အကန့်နဲ့ခြား

ဝိုင်းရံကာတဲ့မြို့အဝင်

နေညိုချိန် ပန်းချီကားအလားပမာ

သာယာတဲ့

တိမ်လွှာတိမ်လိပ် အနားရောက်အောင်

တောင်ပြာတွေ အဆင့်အဆင့်မြင့်မားစွာ

ရောက်ချင်စော

မျှော်သူရင်မော နွမ်းလှပြီ

အမြင်သာနီး ခရီးဝေးတဲ့တောင်

မှိုင်းညို့ဆိုင်းလို့ရယ်

နှင်းမြူတွေ လွမ်းခြုံတဲ့ကြား

ချောင်းကလေးကလည်း အသာစီးဆင်းကာ

အတန်းလိုက် အကန့်နဲ့ခြား

ဝိုင်းရံကာတဲ့ မြို့အဝင်

နေညိုချိန် ပန်းချီကားအလားပမာ

Selengkapnya dari hseng sam

Lihat semualogo