နေညိုချိန် လမ်းလေးအပေါ်
ရီဝေနေတဲ့ အကြည့်တွေ
တို့အတွက် နောက်ဆုံး
အလွမ်း လက်ဆောင်များလား
နီးစပ်ဖို့လည်း မလွယ်တော့ဘူး
ဝေးသွားဖို့လည်း မခံနိုင်ဘူး
တွဲလက်ကလေးတွေ လွတ်ကာသွားချိန်
ကိုယ်စီ စိတ်ကူးလေးတွေ
လေဟာနယ်ထဲလွင့်ပြီ
အပိုင်းအစတွေပဲ တို့အတွက် ကျန်ခဲ့ပြီ
နီးစပ်ဖို့လည်း မလွယ်တော့ဘူး
ဝေးသွားဖို့လည်း မခံနိုင်ဘူး
တွဲလက်ကလေးတွေ လွတ်ကာသွားချိန်
တို့နှစ်ယောက် နှုတ်ဆက်ချိန်လေးတွေ
ပြန်မြင်ယောင် နေမိတယ်
အတိတ်ကတို့ရဲ့ အဖြစ်တွေလည်း
အိပ်မက်လိုပဲ
အချစ်နဲ့ ပေးဆပ်ချင်လည်း
နင်ယူဆောင် မသွားနိုင်တော့
တို့ရဲ့အချစ်တွေ ဆောင်းအိပ်မက်လိုပဲ
နေညိုချိန် လမ်းလေးအပေါ်
ရီဝေနေတဲ့ အကြည့်တွေ
တို့အတွက် နောက်ဆုံး
အလွမ်း လက်ဆောင်များလား
နီးစပ်ဖို့လည်း မလွယ်တော့ဘူး
ဝေးသွားဖို့လည်း မခံနိုင်ဘူး
တွဲလက်ကလေးတွေ လွတ်ကာသွားချိန်
ကိုယ်စီ စိတ်ကူးလေးတွေ
လေဟာနယ်ထဲလွင့်ပြီ
အပိုင်းအစတွေပဲ တို့အတွက် ကျန်ခဲ့ပြီ
နီးစပ်ဖို့လည်း မလွယ်တော့ဘူး
ဝေးသွားဖို့လည်း မခံနိုင်ဘူး
တွဲလက်ကလေးတွေ လွတ်ကာသွားချိန်
တို့နှစ်ယောက် နှုတ်ဆက်ချိန်လေးတွေ
ပြန်မြင်ယောင် နေမိတယ်
အတိတ်ကတို့ရဲ့ အဖြစ်တွေလည်း
အိပ်မက်လိုပဲ
အချစ်နဲ့ ပေးဆပ်ချင်လည်း
နင်ယူဆောင် မသွားနိုင်တော့
တို့ရဲ့အချစ်တွေ ဆောင်းအိပ်မက်လိုပဲ