သီချင်း - ထာဝရချစ်သူ ft Olivier Cottone
တေးဆို - ငဲငယ်လေး
မင်းကိုငါချစ်တာ
အကန့်အသတ်တို့မရှိဘူးကွာ
ဒါကိုမင်းလေးယုံကြည်ပေးစမ်းပါ
ငါ့ရဲ့သစ္စာစကား
တစ်မျိုးတွေမထင်နဲ့ကွာ
ငါချစ်တာနင်တစ်ယောက်ပါ
ဟန်ဆောင်ကာလည်းမပြောပါဘူး
မင်းဟာငါ့ဘဝအတွက်
ထာဝရချစ်သူ
ငါ့ရဲ့အနားမှာနင်ရှိချိန်
ငါ့မှာအလိုလိုပျော်မိခဲ့
ရင်ခုန်သံရဲ့စည်းချက်များ
ဘယ်ဆီရောက်မှန်းမသိ
နင့်ရဲ့အနားမှာတစ်သက်လုံးစာ
ရှိနေချင်တာထာဝရပါ
ဤမှန်ကန်သောစကားတွေကြောင့်
ချစ်သူမင်းနဲ့ငါ နီးပါရစေ
မင်းကိုငါချစ်တာ
အကန့်အသတ်တို့မရှိဘူးကွာ
ဒါကိုမင်းလေးယုံကြည်ပေးစမ်းပါ
ငါ့ရဲ့သစ္စာစကား
တစ်မျိုးတွေမထင်နဲ့ကွာ
ငါချစ်တာနင်တစ်ယောက်ပါ
ဟန်ဆောင်ကာလည်းမပြောပါဘူး
မင်းဟာငါ့ဘဝအတွက်
ထာဝရချစ်သူ
အလွမ်းတွေပေးကာချန်မထားနဲ့
ဝေးနေတဲ့အချိန်ဒီအလွမ်းများ
ဟန်ဆောင်မျက်ဝန်းအပြုံးတွေနဲ့
ငါလေကုစားဆဲ
မင်းနဲ့ဝေးတဲ့ခဏလေးမှာ
တစ်စက္ကန့်လေးတောင်မနေတတ်ပါ
ဤမှန်ကန်သောစကားတွေကြောင့်
ချစ်သူမင်နဲ့ငါနီးပါရစေ
မင်းကိုငါချစ်တာ
အကန့်အသတ်တို့ မရှိဘူးကွာ
ဒါကိုမင်းလေးယုံကြည်ပေးစမ်းပါ
ငါ့ရဲ့သစ္စာစကား
တစ်မျိုးတွေမထင်နဲ့ကွာ
ငါချစ်တာနင်တစ်ယောက်ပါ
ဟန်ဆောင်ကာလည်းမပြောပါဘူး
မင်းဟာ ငါ့ဘဝအတွက်
ထာဝရချစ်သူ
ရင်ဆိုင်မယ် ရင်ဆိုင်မယ်
လက်အတူတွဲ အတူလက်တွဲ
ဘယ်လိုအန္တရာယ်တွေ
ကြုံတွေ့ရပါစေကွယ်
တူညီတဲ့ တူညီတဲ့
အချစ်တွေနဲ့ ဒီအချစ်တွေ
ဒီတစ်သက်ဆုံးတိုင်တည်စေမယ်
မင်းကိုငါချစ်တာ
အကန့်အသတ်တို့မရှိဘူးကွာ
ဒါကိုမင်းလေးယုံကြည်ပေးစမ်းပါ
ငါ့ရဲ့သစ္စာစကား
တစ်မျိုးတော့မထင်နဲ့ကွာ
ငါချစ်တာနင်တစ်ယောက်ပါ
ဟန်ဆောင်ကာလည်းမပြောပါဘူး
မင်းဟာငါ့ဘဝအတွက်
ထာဝရချစ်သူ
ဟန်ဆောင်ကာလည်းမပြောပါဘူး
မင်းဟာငါ့ဘဝအတွက်
ထာဝရချစ်သူ