သီချင်း - ချစ်နေပြီ
တေးဆို - အုပ်စိုးခန့်
စိတ်တွေမင်းဘက်ယိမ်းနေတယ်
အဆင့်ကျော်ဖို့အတွက်တော့မလုံမလဲ
ငါမင်းရှေ့ရောက်ရင် ယုန်ကလေးဖြစ်သွားတယ်
မင်းရဲ့အကျဉ်းသားတစ်ယောက်လိုပဲ
အချစ်မှာရုန်းမရငြိတွယ်ဆဲ
အမှန်အတိုင်းပြောရရင် သူငယ်ချင်းဘဝနဲ့မရောင့်ရဲ
မနေနိုင်အောင်ငါ့ရဲ့ဘက်ကချစ်နေပြီ
မင်းလေးကတော့တစ်ချက်မှမသိ
မျက်လွှာလေးကိုချပြီး မင်းကြည့်တဲ့အကြည့်နဲ့တင်
ငါ့ရဲ့ဘဝဟာနေပျော်သည်
ရင်ခုန်သံထိန်းချုပ်ဖို့တော့ခက်နေပြီ
ချစ်တဲ့စိတ်ကြောင့်ငါရူးပြီ
မင်းသာငါ့ရဲ့ပထမအမြဲတမ်းဦးစားပေးသူ
မင်းမသိပဲကွယ်ရာက ချစ်နေပြီ
ညဆိုသတိရတိုင်းကဗျာရေး
အလွတ်ရထားတဲ့ဖုန်းနံပါတ်လေး
ခေါ်ဖို့မရဲဘူးကွယ်
တစ်ယောက်တည်းကျိတ်လွမ်းမယ်
စကားတွေမသင်းတော့ဖူး အရင်လို
သူရိတ်မိသွားမလားကြောက်နေခဲ့ ငါမရိုးသားဖူးလို့
နင်ပြောလည်းပြောပါစေတော့
မနေနိုင်အောင်ငါ့ရဲ့ဘက်ကချစ်နေပြီ
မင်းလေးကတော့တစ်ချက်မှမသိ
မျက်လွှာလေးကိုချပြီး မင်းကြည့်တဲ့အကြည့်နဲ့တင်
ငါ့ရဲ့ဘဝဟာနေပျော်သည်
ရင်ခုန်သံထိန်းချုပ်ဖို့တော့ခက်နေပြီ
ချစ်တဲ့စိတ်ကြောင့်ငါရူးပြီ
မင်းသာငါ့ရဲ့ပထမအမြဲတမ်းဦးစားပေးသူ
မင်းမသိပဲကွယ်ရာက ချစ်နေပြီ
ငါ့ရဲ့ဘက်ကချစ်နေပြီ
မင်းလေးကတော့တစ်ချက်မှမသိ
မျက်လွှာလေးကိုချပြီး မင်းကြည့်တဲ့အကြည့်နဲ့တင်
ငါ့ရဲ့ဘဝဟာနေပျော်သည်
ရင်ခုန်သံထိန်းချုပ်ဖို့တော့ခက်နေပြီ
ချစ်တဲ့စိတ်ကြောင့်ငါရူးပြီ
မင်းသာငါ့ရဲ့ပထမအမြဲတမ်းဦးစားပေးသူ
မင်းမသိပဲကွယ်ရာက ချစ်နေပြီ
အရမ်းပဲချစ်နေပြီ
ဟန်မဆောင်နိုင်ပဲချစ်မိပြီ