သီချင်း - မေ့လိုက်ပြီ
တေးဆို - Oasix
နင် အကြောင်းပြချက်မဲ့ ထားခဲ့တာဘာကြောင့်လဲ
ကိုယ်မင်းကိုချစ်တာ မင်းမသိလို့လား
ကိုယ် အလေးအနက်ထားတဲ့
မျှော်လင့်ချက်တွေ ဖျက်ဆီးတယ်
ပတ်ဝန်းကျင်နဲ့ပါ အဆက်အသွယ်ပြတ်
နင်မရှိတဲ့နေ့တွေ တစ်ယောက်တည်း
မနေတတ်လို့ ပြန်လာဦးလေ
နင်လာညာပါဦးဟေ့ နင်မရှိတဲ့ညတွေ
ငါအိပ်မပျော်သေးဘူး
ငါမေ့လိုက်ပြီ အရင်ကအကြောင်းတွေ အကုန်လုံးလည်း
ငါပြိုလဲ ငါကြေကွဲ ရင်နာနာနဲ့
အသက်မရှင်ချင်ဘူး ငါမေ့လိုက်ပြီ
ပျော်စရာကောင်းတဲ့ အတိတ်များလည်း
ငါပြိုလဲ ငါကြေကွဲ ဒဏ်ရာတွေနဲ့
အသက်မရှင်ချင်ဘူး
ကိုယ့်အတွက် ဒဏ်ရာတွေ ထားခဲ့တာ
မင်းအတွက် ဒါက ထမင်းစားရေသောက်ပဲလား
ငါ အံ့ဩတယ် Baby မဆုံနိုင်တော့ပါ ဝေးနေ
မကြင်နာတော့တဲ့ နင့်ကိုမုန်းလို့မရသေးလို့
နင်မရှိတဲ့နေ့တွေ တစ်ယောက်တည်း
မနေတတ်လို့ ပြန်လာဦးလေ နင်လာညာပါဦးဟေ့
နင်မရှိတဲ့ညတွေ ငါအိပ်မပျော်သေးဘူး
ငါမေ့လိုက်ပြီ အရင်က အကြောင်းတွေ
အကုန်လုံးလည်း ငါပြိုလဲ ငါကြေကွဲ
ရင်နာနာနဲ့ အသက်မရှင်ချင်ဘူး
ငါမေ့လိုက်ပြီ ပျော်စရာကောင်းတဲ့ အတိတ်များလည်း
ငါပြိုလဲ ငါကြေကွဲ ဒဏ်ရာတွေနဲ့ အသက်မရှင်ချင်ဘူး
ဦးနှောက်က မေ့လိုက်ချင်လည်း
ရင်ဘတ်က မင်းကို မမုန်းသေး
ဒီဇင်ဘာ လေးရက် ရန်တွေဖြစ်
ကျုံးဘေးက ဇာတ်လမ်း အဆုံးလေး
နောက်တစ်ယောက်ရဲ့ ရင်ခွင်ထဲမှာပျော်နေတဲ့
ကိုယ့်ချစ်သူ အပြုံးလေး အနိုင်လိုရင်
ကိုယ်အရှုံးပေး ချစ်ခဲ့တယ် အချစ်ဆုံးလေး
လမ်းတွေ့ရင် မခေါ်နဲ့
ငါလေ နောက်ထပ်အသည်းမကွဲချင်ဘူး
နေသားကျမှာပါ
ငါမေ့လိုက်ပြီ အရင်ကအကြောင်းတွေအကုန်လုံးလည်း
ငါပြိုလဲ ငါကြေကွဲ ရင်နာနာနဲ့
အသက်မရှင်ချင်ဘူး ငါမေ့လိုက်ပြီ
ပျော်စရာကောင်းတဲ့ အတိတ်များလည်း
ငါပြိုလဲ ငါကြေကွဲ ဒဏ်ရာတွေနဲ့ အသက်မရှင်ချင်ဘူး