menu-iconlogo
huatong
huatong
avatar

ကလေးကဗျာ

Phyo Gyihuatong
piggylenahuatong
Lirik
Rekaman
သီချင်း - ကလေးကဗျာ

တေးဆို - ဖြိုးကြီး

အဖြူနဲ့အစိမ်းနဲ့ဘဝရဲ့ကလေးကဗျာ

ဆုံနေကျလမ်းလေးမှာခြေသံကြား

ကတ္တီပါဖိနပ်လေးထက်

ငွေခြေကျင်းလေးတွဲခိုကာ

အညိုရောင်မျက်ဝန်းလေးလှမ်းလာ

စာသင်ခန်းထဲမင်းဟာ

ကိုယ့် Teacher လည်တိုင်လေးမော့လိုက်စဉ်

ဆံနွယ်ကြားစံပယ်ဖြူရနံ့လေးတွေ

လေပြေသွေးလို့မွှေးချိန်မှာ

ရင်ခုန်သံလေးကိုသင်ကြားရ

အလှမ်းဝေးချိန်

အလွမ်းတွေသီပြီး တေးဖွဲ့မိသူပါ

နှစ်ချို့ဝိုင်ထက်ပိုချိုတဲ့ကိုယ့်ရဲ့အချစ်ကဗျာ

နှုတ်ခမ်းလေးကိုနမ်းချင်ပေမဲ့

မနမ်းရက်ပါ မိုးနဲ့ဆောင်းတို့ပြောင်းပစေ

ဒီနွေဦးရဲ့ညတွေမှာ လွမ်းရင်း လွမ်းရင်း လွမ်းရင်းနဲ့သာ

ပုံပြင်လေးကမစခင်အဆုံးသတ်သွား

ငါတို့ကျောင်းတံခါးပိတ်ပြီ နာကျင်ရ

ကိုယ်စီဘဝလမ်းထက် တောင်ပံဖြန့်လို့ဝဲချိန်မှာ

ရင်ခုန်သံလေးကိုမေ့ထားရ

အင်းယားလည်းသိမှာပါ

ဆောင်းမနက်ခင်းလေးမှာ

မပြောဖြစ်ခဲ့တဲ့စကားတွေ ငါသိမ်းထား

အမှတ်တမဲ့များစွာကိုငါ အမှတ်ရရင်းနဲ့သာ

မိုးနဲ့ဆောင်းတို့ပြောင်းပစေ ဒီနွေဦးရဲ့ညတွေမှာ

မင်းကိုအချိန်တိုင်း လွမ်းဆဲပါ

အလှမ်းဝေးချိန်

အလွမ်းတွေသီပြီး တေးဖွဲ့မိသူပါ

နှစ်ချို့ဝိုင်ထက်ပိုချိုတဲ့ကိုယ့်ရဲ့အချစ်ကဗျာ

နှုတ်ခမ်းလေးကိုနမ်းချင်ပေမဲ့

မနမ်းရက်ပါ မိုးနဲ့ဆောင်းတို့ပြောင်းပစေ

ဒီနွေဦးရဲ့ညတွေမှာ လွမ်းရင်း လွမ်းရင်း လွမ်းရင်းနဲ့သာ

နှုတ်ခမ်းလေးကိုနမ်းချင်ပေမဲ့

မနမ်းရက်ပါ မိုးနဲ့ဆောင်းတို့ပြောင်းပစေ

ဒီနွေဦးရဲ့ညတွေမှာ လွမ်းရင်း

လွမ်းရင်း လွမ်းရင်းနဲ့သာ

Selengkapnya dari Phyo Gyi

Lihat semualogo