မျှော်လင့်နေမယ်
ညတွေမှာ ကြယ်ပွင့်လေးတွေကြွေလွင့်နေ
ဘဝဆိုတာ မတည်မြဲဘူးတဲ့ စိတ်မောတယ်
မင်းလိုချင်သောဘဝမျိုးမှာ ပျော်နိုင်မလား
တစ်ချိန်ကျရင်လေကိုယ့်ရဲ့အချစ်နားလည်..
ပန်းဆိုတာလဲကြွေတတ်တယ် အချစ်လေးရယ်
မင်းကိုလေရည်စူးထားလဲ မခြွေရက်ပါ
ထိုက်တန်ရင်တော့ တစ်နေ့မှာ ပိုင်ဆိုင်မယ်
တစ်ကယ်အကြင်နာမှန်ရင် ပြန်လာကွယ်..
မျှော်လင့်နေမယ် ကိုယ့်ရင်မှာနားပါကွယ်
သွားမယ်ဆို နေရစ်မယ်
တောင်းဆုအမြဲတမ်းပြုပါတယ်..
တစ်ခါကချစ်တဲ့ အချစ်ကိုတန်ဖိုးထားမယ်
ပြန်ဆုံချိန်ထိ ပင်ယံပေါ်မှာ ပန်းကလေး
လန်းပါစေ..
မျှော်လင့်နေမယ် ကိုယ့်ရင်မှာနားပါကွယ်
သွားမယ်ဆို တစ်နေ့မှာ
ပန်းကလေးနွမ်းခြောက်ခဲ့ရင်လဲ..
မြတ်နိုးမှုနဲ့ အနားမှာလာစောင့်ရှောက်မယ်
ပြန်ဆုံချိန်ကျကြွေကာနေလဲ ကောက်ယူမယ်
ပန်းဆိုတာလဲကြွေတတ်တယ် အချစ်လေးရယ်
မင်းကိုလေရည်စူးထားလဲ မခြွေရက်ပါ
ထိုက်တန်ရင်တော့ တစ်နေ့မှာ ပိုင်ဆိုင်မယ်
တစ်ကယ်အကြင်နာမှန်ရင် ပြန်ရမယ်..
မျှော်လင့်နေမယ် ကိုယ့်ရင်မှာနားပါကွယ်
သွားမယ်ဆို နေရစ်မယ်
တောင်းဆုအမြဲတမ်းပြုပါတယ်..
တစ်ခါကချစ်တဲ့ အချစ်ကိုတန်ဖိုးထားမယ်
ပြန်ဆုံချိန်ထိ ပင်ယံပေါ်မှာ ပန်းကလေး
လန်းပါစေ..
မျှော်လင့်နေမယ် ကိုယ့်ရင်မှာနားပါကွယ်
သွားမယ်ဆို တစ်နေ့မှာ
ပန်းကလေးနွမ်းခြောက်ခဲ့ရင်လဲ..
မြတ်နိုးမှုနဲ့ အနားမှာလာစောင့်ရှောက်မယ်
ပြန်ဆုံချိိန်ကျမြေမှာကြွေလဲ ကောက်ယူမယ်
တစ်ခါကချစ်တဲ့ အချစ်ကိုတန်ဖိုးထားမယ်
ပြန်ဆုံချိန်ကျကြွေကာနေလဲ ကောက် ယူ မယ်