ကြာပြီ ဆိုတော့မေ့လောက်ပါပြီ
စိတ်မှာယုံခဲ့တယ်
အချစ်ဦးမို့ ယနေ့ထက်ထိတိုင်
ကိုယ် မမေ့နိုင်သေးတယ်
အခုနေချိန်များ ပြန်တွေ့ကြရင်
အရင်တုန်းကလိုပဲ ရင်ခုံဦးမလား
တစ်ခါက မသိသေးတဲ့အမှားအမှန်ကို
မချင့်ချိန်နိုင်ခဲ့တယ်
အနိုင်အရှုံးလေး တစ်ခုအတွက်
ကိုယ့်ကို သူလိုက်ရင်ပြေးတယ်
တစ်ယောက်ကိုတစ်ယောက် မခွဲချင်ပဲခွဲကာ
နောက်ဆုံးရတာတော့ အချစ်နောင်တပဲ
အမြဲလိုမဟုတ်ပေမယ့်လည်း
သူနဲ့ဆုံတွေ့တဲ့မြေ
ပတ်သတ်နေတဲ့အကြောင်းတွေ
ရောက်ပြန်လေတိုင်း ပြန်ပြောတိုင်းမှာ
ပြန်သတိရလာဆဲ လွမ်းနေဆဲပါ
မတည်ငြိမ် နိုင်သေးတဲ့နှလုံးကိုတော့
တတ်နိုင်သလောက်ထိန်းမယ်
ဟိုတုန်းက မှားတဲ့အမှားရယ်
ဒီနေ့ထပ်မမှားချင်
အချစ်ဒဏ်ရာချက်တွေများလွန်းပြီ
ပိုရင့်ကျက်လာဖို့ပဲ ကျန်တော့တယ်
အမြဲလိုမဟုတ်ပေမယ့်လည်း
သူနဲ့ဆုံတွေ့တဲ့မြေ
ပတ်သတ်နေတဲ့အကြောင်းတွေ
ရောက်ပြန်လေတိုင်း ပြန်ပြောတိုင်းမှာ
ပြန်သတိရလာဆဲ လွမ်းနေဆဲပါ
မတည်ငြိမ် နိုင်သေးတဲ့နှလုံးကိုတော့
တတ်နိုင်သလောက်ထိန်းမယ်
ဟိုတုန်းက မှားတဲ့အမှားရယ်
ဒီနေ့ထပ်မမှားချင်
အချစ်ဒဏ်ရာချက်တွေများလွန်းပြီ
ပိုရင့်ကျက်လာဖို့ပဲ ကျန်တော့တယ်