သီချင်း - တစ်ဦးတည်းသော ဣတၳိယ
တေးဆို - သားငယ်
ခဏလေးအချိန်ပေးပါ
ဒီတေးသံလေးအား
နင်နားဆင်ပြီးမှ
အို ကြိုက်သလိုဆုံးဖြတ်ပါ
မုသားမပါဘူးကွာ
ငါကျမ်းကျိန်ရမလား
ဒါနောက်ဆုံးဆန္ဒပါ
အယူခံဝင်လိုသူ တေးသွား
ငါမှားခဲ့မှာပါ
ယူကြုံးမရဒီသင်ခန်းစာ
ဝင်သက်တိုင်းအိပ်မက်တိုင်း
အကြိမ်ကြိမ်နောင်တရ
နင်မုန်းရက်နိုင်ပေမယ့်ကွာ
ငါချစ်သွားမှာ တစ်သက်စာ
ဒီကမ္ဘာမြေကြီးထဲမှာ...
တစ်ဦးတည်းသော ဣတၳိယ
ဟူး...ဟူး...ဟူး...
ခဏလေးအချိန်ပေးပါ
ဒီတေးသံလေးအား
မင်းနားဆင်ပြီးမှ
အို ကြိုက်သလိုဆုံးဖြတ်တော့
ချစ်ကျွမ်းဝင်ခဲ့တာ
တို့...သက်တမ်းတွေလည်းကြာ
တကယ်အားနာလိုက်တာ
အယူခံဝင်လိုသူတေးသွား
ငါမှားခဲ့မှာပါ
ယူကြုံးမရဒီသင်ခန်းစာ
ဝင်သက်တိုင်းအိပ်မက်တိုင်း
အကြိမ်ကြိမ်နောင်တရ
နင်မုန်းရက်နိုင်ပေမယ့်ကွာ
တကယ်ချစ်သွားမှာ တစ်သက်စာ
ဒီကမ္ဘာမြေကြီးထဲမှာ...
တစ်ဦးတည်းသော မိန်းကလေး
ရေး...ရေး...ရေး...
အို မှားခဲ့မှာပဲကွာ
ယူကြုံးမရ သင်ခန်းစာ
ဝင်သက်တိုင်းအိပ်မက်တိုင်း
အကြိမ်ကြိမ်နောင်တရ
မင်းမုန်းရက်နိုင်ပေမယ့်ကွာ
ချစ်သွားမှာတစ်သက်စာ
ဒီကမ္ဘာမြေကြီးထဲမှာ...
တစ်ဦးတည်းသော ဣတၳိယ
တစ်ဦးတည်းသော မိန်းကလေးပါ
နင်ဟာတစ်ဦးတည်းသော မိန်းကလေး