menu-iconlogo
huatong
huatong
avatar

နင်မရှိတော့ရင်

Wana (Zing)huatong
boellen1huatong
Lirik
Rekaman
သီချင်း : နင်မရှိတော့ရင်

တေးဆို : ဝန

တစ်ချို့တစ်ချို့သော ခါးသက်ခြင်းတွေကမှ

တစ်ခါတစ်လေ ချိုဦးမယ်..

အစိမ်းရောင်ရင့် နေတဲ့

မင်းမျက်ဝန်းကငါ့ကို အခါးလွန်စေခဲ့တယ်...

အရာရာ အားလုံးအရသာမဲ့..

အချိန်တွေတောင်ခါးသက်သွားပြီကွယ်ချစ်သူလေးရယ်..

လရောင်မဲ့ညတွေကမှ

တစ်ခါတစ်လေ ကြယ်ရောင်ရှိဦးမယ်

မင်းပစ်သွားတဲ့ ငါ့တစ်ယောက်ထဲဘဝ

ဘယ်မှာ အလင်း ရှိပါ့မလဲ

အမှောင်မှာစုန်းစုန်းနစ်နေခဲ့

ကယ်သူကမ်းမယ့် ချစ်သူလက်..

ငါအားကိုတကြီး မျှော်လင့်ရင်း..

ပြန်လည်ချစ်ခွင့်လေးတော့ပေးပါနဂိုအတိုင်းပဲ

ချစ်သူအနားမှာ အရိပ်လိုခစားချင်တယ်..

အိုး ငါ့အသက်ကံ ကုန်တဲ့အထိ...

လမင်းအလင်းမရှိတဲ့ညဟာ တော်သေးရဲ့..

မင်းပစ်သွားတဲ့ ငါ့ကမ္ဘာ

နေအလင်းပျောက်နေသလိုပဲ..

အို ငါအသက်ဆက်မဲ့ မနက်ဖြန်တွေ

နင်မရှိတော့ရင်...

ငါဆိုတာ ငါ့အတွက်အဓိပ္ပာယ်မဲ့...

တချို့တချို့သော ရက်စက်ခြင်းတွေကမှ

တစ်ခါတစ်လေ သိမ်မွေ့ဦးမယ်..

အမုန်းရောင်ရင့်နေတဲ့

မင်းနှုတ်ခမ်းကြောင့် ငါအသက်ရှုတွေမှားတယ်..

နင်ချွေတဲ့ နှုတ်ခမ်းက စကားတွေအတွက်..

ရင်ခွင်ဟာ အားနည်းဆောက်တည်ရာမဲ့သွား

ချစ်သူလေးရယ်..

လရောင်မဲ့ညတွေကမှ

တစ်ခါတစ်လေ ကြယ်ရောင်ရှိဦးမယ်

မင်းပစ်သွားတဲ့ ငါ့တစ်ယောက်ထဲဘဝ

ဘယ်မှာ အလင်း ရှိပါ့မလဲ

အမှောင်မှာစုန်းစုန်းနစ်နေခဲ့

ကယ်သူကမ်းမယ့် ချစ်သူလက်

ငါအားကိုတကြီး မျှော်လင့်ရင်း..

ပြန်လည်ချစ်ခွင့်လေးတော့ပေးပါနဂိုအတိုင်းပဲ

ချစ်သူအနားမှာ အရိပ်လိုခစားချင်တယ်..

အိုး ငါ့အသက်ကံ ကုန်တဲ့အထိ...

လမင်းအလင်းမရှိတဲ့ညဟာ တော်သေးရဲ့..

မင်းပစ်သွားတဲ့ ငါ့ကမ္ဘာ

နေအလင်းပျောက်နေသလိုပဲ..

အို ငါအသက်ဆက်မဲ့ မနက်ဖြန်တွေ

နင်မရှိတော့ရင်...

ငါဆိုတာ ငါ့အတွက်အဓိပ္ပာယ်မဲ့...

အမှောင်မှာစုန်းစုန်းနစ်နေခဲ့

ကယ်သူကမ်းမယ့် ချစ်သူလက်

ငါအားကိုတကြီး မျှော်လင့်ရင်း..

ပြန်လည်ချစ်ခွင့်လေးတော့ပေးပါနဂိုအတိုင်းပဲ

ချစ်သူအနားမှာ အရိပ်လိုခစားချင်တယ်..

အိုး ငါ့အသက်ကံ ကုန်တဲ့အထိ...

လမင်းအလင်းမရှိတဲ့ညဟာ တော်သေးရဲ့..

မင်းပစ်သွားတဲ့ ငါ့ကမ္ဘာ

နေအလင်းပျောက်နေသလိုပဲ..

အို ငါအသက်ဆက်မဲ့ မနက်ဖြန်တွေ

နင်မရှိတော့ရင်...

ငါဆိုတာ ငါ့အတွက်အဓိပ္ပာယ်မဲ့...

ပြန်လည်ချစ်ခွင့်လေးတော့ပေးပါနဂိုအတိုင်းပဲ

ချစ်သူအနားမှာ အရိပ်လိုခစားချင်တယ်..

အိုး ငါ့အသက်ကံ ကုန်တဲ့အထိ...

လမင်းအလင်းမရှိတဲ့ညဟာ တော်သေးရဲ့..

မင်းပစ်သွားတဲ့ ငါ့ကမ္ဘာ

နေအလင်းပျောက်နေသလိုပဲ..

အို ငါအသက်ဆက်မဲ့ မနက်ဖြန်တွေနင်မရှိတော့ရင်...

ငါဆိုတာ ငါ့အတွက်အဓိပ္ပာယ်မဲ့...

ငါအသက်ဆက်မဲ့ မနက်ဖြန်တွေနင်မရှိတော့ရင်

Selengkapnya dari Wana (Zing)

Lihat semualogo