menu-iconlogo
huatong
huatong
avatar

စိတ်

Xboxhuatong
ouiridehuatong
Lirik
Rekaman
သီချင်း - စိတ်

တေးဆို - X Box, မောင်သီဟ, စုစန္ဒီထွန်း

ဟိုးအဝေးဆုံးသို့ ရောက်ရှိသွားပစေကွာ

သံသရာမှာ ဒဏ်ရာတွေ ငါလေ ပြန်ရပစေကွာ

I can't live without you baby..

ဒီ စွဲလမ်း မှုတွေဟာ

စိတ် .. စိတ် .. စိတ် ..

စိတ် .. စိတ် .. စိတ် ..

ပူလောင်တယ် ပူလောင်တယ်

မေ့ဖို့မလွယ်

ငါ့ စိတ်ရဲ့ စေရာ ..

ငါရူးတော့ရူးနေတာပဲ

ဒါပေမယ့် its become from you girl ..

Sighhh...

ဝင်လေထွက်လေနဲ့ ငါ့ ခန္တာနဲ့

ဝိဉာဉ်ကို ခွဲခြားကြည့်

ပုထုဇဉ်လူသား များက စွဲလန်းမှုစိတ်ကြောင့်

နိဗ္ဗာန်ဆိုတာ ဖြူလား မဲလားမသိ

သက်ရှိပဲဖြစ်ဖြစ် သက်မဲ့ပဲ ဖြစ်ဖြစ်

ဖက်တွယ်မိရင် လွှတ်ရခက်

ဆုံးရှုံးပြီး စွန့်လွှတ်ရရင်တောင်

ပြန်လိုချင်နေတုန်းပဲ

သံယောဇဉ် ကမ္ဘာထဲက ကျွတ်မှထွက်

အဲ့တာအချစ်ပဲ

ကြိုးတခုနဲ့ချည်နှောင်ထား

ဘဝတစ်ခုလုံးပေးဆပ် ပါမယ် ဆိုတဲ့ကတိကို

မင်းဖက်က လက်မခံပဲ ရယ်တောင်သွား

မင်းဖက်က ပိုပိုပြီးချစ်လာအောင်လွန်းလို့

ဘုရားထက် လုပ်အားနဲ့ ညီအောင်ပြ

အနားမညီတြိဂံလို ညှိနှိုင်းရခက်နေစဉ်

အမြဲလိုလို သီးခံတာ ဒီကောင်ပါ

အဲ့ဒီတော့

မင်းဆီက ကောင်းခြင်းပဲ့တင်သံတွေကို

ငါနားစွင့်

မကောင်းခြင်းပဲ့တင်သံတွေကို

ခံနိုင်ရည်ရှိအောင် ငါတရားကျင့်

သံယောဇဉ် ကြေးနန်းကြိုးတွေ အကြောင်း

ပြန်ပြောရင် သွေးအရမ်းတိုးစေတယ်

ချန်ခဲ့ အရေးမပါတဲ့ အတိတ်

ငါနောက်ဘဝ ကူးသွားရင်တောင် ကျွတ်မှာ

မဟုတ်ဖူး မင်းအပေါ်တန်ဖိုးထားပြီး

မေ့မရတဲ့ စိတ်

ဟိုးအဝေးဆုံးသို့ ရောက်ရှိသွားပစေကွာ

သံသရာမှာ ဒဏ်ရာတွေ ငါလေ ပြန်ရပစေကွာ

I can't live without you baby..

ဒီ စွဲလမ်း မှုတွေဟာ

စိတ် .. စိတ် .. စိတ် ..

စိတ် .. စိတ် .. စိတ် ..

ပူလောင်တယ် ပူလောင်တယ်

မေ့ဖို့မလွယ်

ငါ့ စိတ်ရဲ့ စေရာ ..

စာတွေရေးတယ် အရူးလိုငါ ကဗျာတွေရေးတယ်

ငါ့ဘေးက ပြာခွက်ထဲမှာ

ဆေးလိပ်နဲ့ ပြာတွေအပြည့်ပဲ

ငါ့အတွေးတွေ တိမ်လိုပြန်ဝှဲ

သူမအတွက် အချိန်ကုန်ခံခဲ့

အချိန်တန်တော့ နာမ်က ရုပ်ကိုစွန့်တယ်

လူတိုင်း အိမ်ကို ပြန်တယ်

ဖြစ်ပြီးရင် ပြတ်မယ်ဆိုတာကို

ငါလုံးဝ လက်မခံချင်သေးဘူး

သေကွဲရော ရှင်ကွဲရော

ငါလုံးဝ မဆက်ခံချင်သေးဘူး

ကံတရားကို လာဘ်ထိုးချင်လို့ ဘာပေးလို့ရမလဲ

ဆုတောင်းတိုင်း သူနဲ့ မဝေးချင်

ဘယ် ယတျာရှာပေးလို့ရမလဲ

ပူလောင်ချိန်တနာရီနဲ့

ကြည်နူးချိန် ငါးမိနစ်

တစ်နာရီကို ငါးမိနစ်နဲ့

စားပြစ် အကြွင်းက ငါ့အချစ်

Baby Baby မင်းအတွက်ငါ တရားနဲနေလဲ

ငါအားဖြေလဲ ရော ထွေးလို့မရ ဆားနဲ့ရေပဲ

ရုတ်တရက်ကြီး တွေးတဲ့ အတွေးက

ဒီရင်တွေကို နာလိုက်စေတယ်

ဘယ်လောက်ထိ ငါ အတ္တကြီးလဲ ကြည့်

မင်းသေရင် ငါလိုက်သေမယ်

မင်းအတွက်ငါ ပြေးထွက်လာခဲ့တဲ့

ဗုဒ္ဓဘုရားရဲ့ အရိပ်

အတ္တတွေ ဖုံးလွှမ်းနေတဲ့

ငါမင်းအပေါ်ထားတဲ့ စိတ် ...

ဟိုးအဝေးဆုံးသို့ ရောက်ရှိသွားပစေကွာ

သံသရာမှာ ဒဏ်ရာတွေ ငါလေ ပြန်ရပစေကွာ

I can't live without you baby..

ဒီ စွဲလမ်း မှုတွေဟာ

စိတ် .. စိတ် .. စိတ် ..

စိတ် .. စိတ် .. စိတ် ..

ပူလောင်တယ် ပူလောင်တယ်

မေ့ဖို့မလွယ်

ငါ့ စိတ်ရဲ့ စေရာ ..

ခန္တာကိုယ်က ကျန်းမာပြီးတော့ဒေါင်ဒေါင်မြည်နေလဲ

ငါ့ရဲ့ စိတ်က နာမကျန်း

မင်းရင်ခွင်လိပ်စာဆီ အမြန်ချောပို့နဲ့

ပေးလိုက်တဲ့ ကြေကွဲရာဇသံတွေ ဖတ်ပြီးပြီလား

ငါ့အရေးအသားက မင်းအတွက် လုံးဝကို ကဗျာမဆန်

ဖြစ်ချင်ဖြစ်နေလိမ့်မယ် ဒါပေမယ့်

တပါးသူလက်ထဲ ငါ့ချစ်သူ မင်းလေးကို အပါမခံ

မင်း အသာစံဖို့ အမိန့်ဝါဒအတိုင်း ငါနာခံ

လက်တစုတ်စာ မင်းအချစ်က ငါ့အတွက်ရော ဘာကျန်

သံယောဇဉ်ကြေးနန်းကြိုး တွေ အကြောင်း

ပြန်ပြောရင် သွေးအရမ်းတိုးစေတယ်

ချန်ခဲ့ အရေးမပါတဲ့အတိတ်

ငါနောက်ဘဝကူးသွားရင်တောင်

ကျွတ်မှာ မဟုတ်ဘူး

မင်းပေါ် တန်ဖိုးထားပီး မေ့မရတဲ့ စိတ်

ဟိုးအဝေးဆုံးသို့ ရောက်ရှိသွားပစေကွာ

သံသရာမှာ ဒဏ်ရာတွေ ငါလေ ပြန်ရပစေကွာ

I can't live without you baby..

ဒီ စွဲလမ်း မှုတွေဟာ

စိတ် .. စိတ် .. စိတ် ..

စိတ် .. စိတ် .. စိတ် ..

ပူလောင်တယ် ပူလောင်တယ်

မေ့ဖို့မလွယ်

ငါ့ စိတ်ရဲ့ စေရာ ..

Selengkapnya dari Xbox

Lihat semualogo

Kamu Mungkin Menyukai