menu-iconlogo
huatong
huatong
avatar

အဝေးထွက်သွားသူ Bonus Track

Yadanar Myhuatong
salimabenomarihuatong
Lirik
Rekaman
သီချင်း - အဝေးထွက်သွားသူ

တေးဆို - ရတနာမိုင်

အကြိမ်ကြိမ်အခါခါ မင်းပြောဖူးခဲ့တာ

ဆံနွယ်ရှည်ဆို သိပ်မြတ်နိုးတတ်တာ

ငြင်သာစွာခြေလှမ်းများ လှမ်းတိုင်းမှာ

ကြယ်ရောင်စုံတွေ ဝင်းလက်ပျိုးပြက်သွား

ကြင်ကြင်နာနာစကားများပြောတိုင်းမှာ

ရယ်သံချိုတွေ မင်းနှစ်သက်ခဲ့တာ

နေညိုချိန်တို့ လမ်းခွဲရတဲ့အခါ

နာရီတွေကိုမင်းမုန်းတီးခဲ့တာ

ဒါတွေမေ့ကာ အဝေးထွက်သွားသူရာ

ရင်ခွင်သစ်မှာ မင်းပျော်လို့နေမလား

အချိန်ရှိတိုင်းမြတ်နိုးစွာနမ်းနေကျ

ဆံနွယ်လေးတွေမေ့လိုက်လား

အတူကြည်နူးချိန်တိုင်းမှာ ပြောနေကျ

ကတိစကားတွေ ပျက်ပြယ်သွားပြီလား

ပုံပြင်ဟောင်းလို့ စွန့်ပစ်ထားတာလား

မှုန်ရီသွားပြီတို့ အချစ်ည

ဆုံးရှုံးခဲ့ပြီလား....

တကယ်ကိုဝေးခဲ့လည်း သတိရဆဲ

အလွမ်းများစွာနဲ့.....

ပြန်ဆုံဆည်းဖို့လည်း မျော်လင့်ချက်မဲ့

အသည်းများအက်ကွဲ....

အကြိမ်ကြိမ်အခါခါ မင်းပြောဖူးခဲ့တာ

ဆံနွယ်ရှည်ဆို သိပ်မြတ်နိုးတတ်တာ

ငြင်သာစွာခြေလှမ်းများလှမ်းတိုင်းမှာ

ကြယ်ရောင်စုံတွေဝင်းလက်ပျိုးပြက်သွား

ကြင်ကြင်နာနာစကားများပြောတိုင်းမှာ

ရယ်သံချိုတွေမင်းနှစ်သက်ခဲ့တာ

နေညိုချိန်တို့လမ်းခွဲရတဲ့အခါ

နာရီတွေကိုမင်းမုန်းတီးခဲ့တာ

ဒါတွေမေ့ကာ အဝေးထွက်သွားသူရာ

ရင်ခွင်သစ်မှာမင်းပျော်လို့နေမလား

အချိန်ရှိတိုင်းမြတ်နိုးစွာနမ်းနေကျ

ဆံနွယ်လေးတွေမေ့လိုက်လား

အတူကြည်နူးချိန်တိုင်းမှာပြောနေကျ

ကတိစကားတွေပျက်ပြယ်သွားပြီလား

ပုံပြင်ဟောင်းလို့စွန့်ပစ်ထားတာလား

မှုန်ရီသွားပြီတို့ အချစ်ည

ဆုံးရှုံးခဲ့ပြီလား....

တို့ဝေးခဲ့လည်း အလွမ်းများနဲ့

အခုတော့ တစ်ယောက်ထဲ

ပြန်ဆုံဆည်းဖို့လည်း မျော်လင့်ချက်မဲ့

အသည်းများအက်ကွဲ........

Selengkapnya dari Yadanar My

Lihat semualogo