menu-iconlogo
huatong
huatong
avatar

အလွမ်း

ကိုင်ဇာhuatong
100020913326huatong
Testi
Registrazioni
%&%&အလွမ်း&%&%

********ကိုင်ဇာ*******

#&#&•°KO•°KO•°#&#&

အချစ်.....

ခိုင်မြဲတဲ့တို့ရဲ့သစ္စာလေးရယ်

လွန်ကျူးတဲ့တို့ရဲ့

အချစ်ပန်းချီလေးရယ်...

ဘယ်သူလာကာ

ဖျက်စီးသလဲကွယ်...

ဝေဒနာလေးတွေ

ရင်မှာပြည့်တင်းကြပ်လွန်းတယ်

ချစ်တဲ့ငါ့မှာ..

ဘာများအပြစ်ရှိလဲကွယ်..

ချစ်တဲ့နင့်မှာ

ဘာများအပြစ်ရှိလည်းကွယ်..

ဝေး....ခဲ့ကြပြီ...

ငါတို့ဘာကြောင့်

ကွဲသွားကြတာလဲ........

အချစ်.........ခေါ်ဖူးတဲ့

စကားလုံးကလေးကိုမှန်းရွယ်

ဖက်နမ်းခဲ့ဖူးတဲ့ ပါးပြင်လေးရယ်

ဒီအချိန်မှာ အရမ်းသိပ်လွမ်းတယ်

#&#&•°KO•°KO•°#&#&

အချစ်....ငိုဖူးတဲ့

နင့်ရဲ့မျက်ရည်လေးရယ်...

ချော့ဖူးတဲ့ငါ့ရဲ့မေတ္တာတေးရယ်

ဘယ်နေရာကို

ရောက်သွားပြီလဲကွယ်.....

အကြင်နာလေးတွေ

ခြေရာရှာလို့မတွေ့ဘူးကွယ်

သတိရတိုင်းသာ

ငါလည်းဆုံဖို့ဆုတောင်းတယ်

သတိရတိုင်းသာ

နင်လဲဆုံဖို့ဆုတောင်းပါ...

ကွဲ...ခဲ့ကြပြီ....

ငါတို့ဘာလို့ ခွဲထားကြတာလဲ.....

အချစ်.........ခေါ်ဖူးတဲ့

စကားလုံးကလေးကိုမှန်းရွယ်

ဖက်နမ်းခဲ့ဖူးတဲ့ ပါးပြင်လေးရယ်

ဒီအချိန်မှာ အရမ်းသိပ်လွမ်းတယ်

#&#&•°KO•°KO•°#&#&

အချစ်... မတည်မြဲတဲ့

ဘဝလောကဓံတရားရယ်....

မမျှော်လင့်တဲ့

တို့ရဲ့ဖြစ်ရပ်လေးရယ်....

ကံကြမ္မာကိုပုံချပါတော့ကွယ်

လူကိုယ်တိုင်မဆုံတာကို

တို့အားမငယ်သင့်တယ်...

ငါ့အချစ် ဝိညာဥ်တွေက

အမြဲ လာပါ့မယ်......

နင့်အချစ် ဝိညာဥ်တွေလဲ

အမြဲကြိုနှင့်ကွယ်....

ခွဲ....ရက်ကြတယ်....

ငါတို့ဘယ်လိုခွဲခွဲချစ်မှာပဲ....

အချစ်.........ခေါ်ဖူးတဲ့

စကားလုံးကလေးကိုမှန်းရွယ်

ဖက်နမ်းခဲ့ဖူးတဲ့ ပါးပြင်လေးရယ်

ဒီအချိန်မှာ အရမ်းသိပ်လွမ်းတယ်

ဒီအချိန်မှာ အရမ်းသိပ်လွမ်းတယ်

ဒီအချိန်မှာ အရမ်းသိပ်လွမ်းတယ်

**T**H**A**N**K**S**

#&#&•°KO•°KO•°#&#&

Altro da ကိုင်ဇာ

Guarda Tuttologo