သီချင်း - တံငါသည်သား
တေးဆို - ကောင်းကောင်း
မိုးစက်တို့အဆက်မပြတ်ရွာသွန်း
ဝမ်းရေးအတွက်ရတက်မအေးရှာဘူးလေ
မြစ်ချောင်းအင်းအိုင်ထဲ ငါးမျှားချိတ်တွေချ
အန္တရာယ်များလည်းမမှု ကြိုးစားရုန်းကန်သူ
ငါးတွေကိုပလိုင်းထဲထည့်ပိုး
ဈေးမှာကိုယ်တိုင်ရောင်းပြီး
အမေ့ကိုငွေပြန်အပ်တဲ့
ရိုးသားတဲ့ပဲ့ကိုင်ရှင် တံငါသည်
သားဖြစ်ရလည်း ဂုဏ်ယူတယ်
မျှော်လင့်ခြင်းနဲ့ကျတဲ့ ချွေးတွေ
တစ်နေ့ရပ်ရမယ် အရောင်မှိန်ထွန်းညှိပေးတဲ့
အဖေ့ရဲ့အလင်းရောင်ဟာ တစ်နေ့တောက်ပလာအောင်
သားကြိုးစားမယ်အဖေ
ဒီကမ္ဘာမြေပြင်ပေါ်ရှင်သန်ခွင့်ရသရွေ ့
သားဘဝမမေ့ပါအဖေ
ဆောင်းမနက်ခင်း ခိုက်ခိုက်တုန်လည်း
နွားတစ်ရှဉ်းနဲ့ မမောတန်းထွန်ယက်
ထမင်းနပ်မှန်ဖို့ ဝီရိယတွေအပြည့်
လယ်တူရွင်းငှါးဘဝနဲ့ လုပ်ကျွေးရှာတဲ့
အအေးပိုတဲ့ဆောင်းညတွေထဲ
မလုံ့တလုံအဖာအထေးနဲ့
အနွေးထည်ကိုခြုံရင်းနဲ့
သားသမီးသာနွေးပါစေ လယ်တူရွင်းငှါး
သားဖြစ်ရလည်းဂုဏ်ယူတယ်
မျှော်လင့်ခြင်းနဲ့ကျတဲ့ ချွေးတွေ
တစ်နေ့ရပ်ရမယ် အရောင်မှိန်ထွန်းညှိပေးတဲ့
အဖေ့ရဲ့အလင်းရောင်ဟာ တစ်နေ့တောက်ပလာအောင်
သားကြိုးစားမယ်အဖေ
ဒီကမ္ဘာမြေပြင်ပေါ်ရှင်သန်ခွင့်ရသရွေ ့
သားဘဝမမေ့ပါအဖေ
တစ်လောကလုံးခြောက်သွေ့စေသောနွေ
သံတူရွင်းလေးပုခုံးထက်တင်ပြီး
ဂဝန်ကျောက်လုပ်ကွက်ထဲ
တစ်နေကုန်တူးရရှာတဲ့ အသားမာတက်တဲ့
လက်ဖဝါးပေါက်ပြဲကုန်ပြီ
ဒီလောက်တောင်ပူပြင်းတဲ့နေဟာ
ရင်ဘက်ကအပူမီးနဲ့ နှိုင်းယှဉ်ရင်
အမှုန်အမွှားလို့သဘောထားတဲ့အဖေ့ရဲ့သွေး
ကျောက်တူးသမားသား ဖြစ်ရလည်းဂုဏ်ယူတယ်
မျှော်လင့်ခြင်းနဲ့ကျတဲ့ ချွေးတွေ
တစ်နေ့ရပ်ရမယ် အရောင်မှိန်ထွန်းညှိပေးတဲ့
အဖေ့ရဲ့အလင်းရောင်ဟာ တစ်နေ့တောက်ပလာအောင်
သားကြိုးစားမယ်အဖေ
ဒီကမ္ဘာမြေပြင်ပေါ်ရှင်သန်ခွင့်ရသရွေ ့
သားဘဝမမေ့ပါအဖေ
ဟူး...ဘဝမမေ့ပါဘူး