menu-iconlogo
huatong
huatong
avatar

ဝဋ်ကြွေးရှိသမျှ

ကျော်သီဟhuatong
mlloyd90huatong
Testi
Registrazioni
သီချင်း - ဝဋ်ကြွေးရှိသမျှ

တေးဆို - ကျော်သီဟ

သတိမေ့ထားပါတယ်

တခါတလေလမ်းမှာတွေ့ရင်လဲ

ယောင်မှားလို့တောင်မှ မပြုံးပြဖို့

ငါကြိုးစားမယ်

အမှတ်တရပေးခဲ့သော

ဒဏ်ရာများစွာရှိနေလဲ

နင်အကြောင်းများတွေးရင်

တဆစ်ဆစ်နဲ့နာတယ်

နင်ပိုချစ်ခဲ့တဲ့ နင့်အတ္တများရယ်

နင်စော်ကားခဲ့သမျှစကားလုံးများအဓိပ္ပါယ်

ပြန်ယူသွားပါတော့ ငါမလိုချင်တော့

မဖြစ်သင့်ပါဘူး မရှိရှိတာတခု

အကြောင်းပြကာမယောင်ရာကိုဆီလူးတဲ့သူ

ရင်ခွင်ကိုတရားမဲ့နှိပ်စက်နေ

မင်းအချစ်ရဲ့ဥပဒေ

အကြင်နာတွေလာဘ်စားလို့နေ

မထူနိုင်အောင်လဲကျနေခဲ့ ငါဟာအားကိုးရာမဲ့

ဝဋ်ကြွေးရှိသမျှ ကျေပါရစေ ဒီဘဝနဲ့

သတိမေ့ထားပါတယ် တခါတလေလမ်းမှာဆုံခဲ့လဲ

ယောင်မှားလို့တောင်မှ မပြုံးပြဖို့ငါကြိုးစားမယ်

အမှတ်တရပေးခဲ့သောဒဏ်ရာများစွာရှိနေလဲ

နင့်အကြောင်းများတွေးရင် တဆစ်ဆစ်နဲ့နာတယ်

အပိုင်းပိုင်းနင်ချိုး မီးနဲ့တင်ရှို့

ငါ့ဘဝဟာ ဘုရားပြီးတော့ငြမ်းဖျက်သလိုမျိုး

အရာရာဟာ နင့်ကြောင့်မဟုတ်ခဲ့သလို

အပြုံးမပျက်တဲ့နင့်ကို သေရာပါငါမုန်းတတ်ဖို့

နာကျင်တာပြောပြနိုင်မယ့် စကားလုံးမရှိခဲ့

ဝဋ်ကြွေးရှိသမျှ ကျေပါရစေ ဒီဘဝနဲ့

နင့်စိတ်နဲ့နင့်ကိုယ် နင်အစိုးမရခဲ့သူလား

အရိုးသားဆုံးအချစ်ကို နင်တန်ဖိုးမသိခဲ့တာလား

ငါလေ တွေးလို့မရစဉ်းစားမရ

ဆုံးဖြတ်ရခတ်လိုက်တာကွာ

မဖြစ်သင့်ပါဘူး မရှိရှိတာတခု

အကြောင်းပြကာမယောင်ရာကိုဆီလူးတဲ့သူ

ရင်ခွင်ကိုတရားမဲ့နှိပ်စက်နေ မင်းအချစ်ရဲ့ဥပဒေ

အကြင်နာတွေလာဘ်စားလို့နေ

မထူနိုင်အောင်လဲကျနေခဲ့ ငါဟာအားကိုးရာမဲ့

ဝဋ်ကြွေးရှိသမျှ ကျေပါရစေ ဒီဘဝနဲ့

ဒီဘဝနဲ့

နာကျင်တာပြောပြနိုင်မယ့် စကားလုံးမရှိခဲ့

ဝဋ်ကြွေးရှိသမျှ ကျေပါရစေ ဒီဘဝနဲ့

Altro da ကျော်သီဟ

Guarda Tuttologo