အဖြူရောင်လေးပါ
ရေး ️ လင်းလင်း
ဆို ️ ချစ်သုဝေ
လေပြည်များက သယ်ဆောင်လာတဲ့
အညိုရောင် တိမ်တွေဟာလည်း
ဟို အရင်ချိန်က လူ မမြင်ခဲ့တဲ့
ရေငွေ့လေး တစ်စက်ကွယ်
ငါ မာနကြီးနေတယ် ဆိုတာလည်း
တိမ်တွေလို ရေမှုန်ပါဟေ့
ဒီ ရင်ခွင်ထဲ နင် လာဝင်ကြည့်လှည့်…
အဖြူရောင်လေးပါကွယ်…
နင်… လှမ်းကြည့်လိုက် …ကွယ်
ခုန်နေ ငါ့ရင်ခွင်ထဲ…
နင်… လှမ်း… ကြည့်… လိုက်
အဖြူရောင်လေးပါကွယ်…
လူသူတွေရှိတဲ့ ဒီမြေကမ္ဘာလည်း…
မိုင်တွေ ရာထောင်ချီလည်း…
ဂြိုဟ်ပြင်ထဲမှာ မြင်ကြည့်လိုက်
မြူမှုန်လေး တစ်ခုပါကွယ်…
မကြင်နာနဲ့ ငါဟာ ဒီလိုပဲ …
ဒီကမ္ဘာလို မြူမှုန်ပါဟယ်
ဒီ ရင်ခွင်ထဲ နင် လာဝင်ကြည့်လှည့်
အဖြူရောင်လေးပါ… ကွယ်…
နင်… လှမ်းကြည့်လိုက် …ကွယ်
ခုန်နေ ငါ့ရင်ခွင်ထဲ…
နင်… လှမ်း… ကြည့်… လိုက်
အဖြူရောင်လေးပါကွယ်…
မလိုသူတွေပြောတဲ့ ဆင်ခြင်တွေထဲ
ထိုင်ကာ တွေဝေမနေနဲ့
နင် ယုံကြည်ထား ငါဟာ လေညှင်းလေးလို
ရင်တွေ ခုန်စ,ပါကွယ်…
ငါ မာနကြီးနေတယ် ဆိုတာလည်း
အပျိုရွယ် မာန်တွေပါဟယ်…
ဒီ ရင်ခွင်ထဲ နင် လာဝင်ကြည့်လှည့်…
အဖြူရောင်လေးပါ… ကွယ်…
နင်… လှမ်းကြည့်လိုက် …ကွယ်
ခုန်နေ ငါ့ရင်ခွင်ထဲ
နင်… လှမ်း… ကြည့်… လိုက်
အဖြူရောင်လေးပါကွယ်…
နင်… လှမ်းကြည့်လိုက် …ကွယ်
ခုန်နေ ငါ့ရင်ခွင်ထဲ…
နင်… လှမ်း… ကြည့်… လိုက်
အဖြူရောင်လေးပါကွယ်…
ရေး… ရေ အဖြူရောင်လေးပါကွယ်
အဖြူရောင်လေး အဖြူရောင်လေး
အဦးဆုံး မင်းအတွက် ကွယ်…
. .
ကျေးဇူးတင်ပါတယ်...