menu-iconlogo
huatong
huatong
--cover-image

အချစ်ငှက်ငယ်

ဂရေဟမ်huatong
sirokhahuatong
Testi
Registrazioni
လှမ်းခဲ့တော့ အချစ်ငှက်ငယ်ရယ်

ငါ့ရဲ့နှလုံးသားပေါ်ခိုနားကွယ်

ကြိုကာနေမယ့် ရင်ခွင်ငယ်ထဲ

လှမ်းဝင်ခဲ့…

လှမ်းခဲ့တော့ အချစ်ငှက်ငယ်ရယ်

ငါ့ကိုအချစ်နဲ့ စီရင်ပေးကွယ်

ဘာမဆိုရင်ထဲ ကြည်ဖြူစွာနဲ့

မငြင်းဘူးကွယ်…

ငါဟာတကယ်ဆိုအချစ်ဆိုသော

ဘ၀ကိုဆန်းကြယ်မှုများနဲ့

လွှမ်းခြုံစေသောအရာ

မတွေ့ရှိခဲ့ မသိရှိခဲ့တာလား…

တကယ်ဆိုငါဟာ ဘ၀ဆိုသော

အသက်ရှင်ရုန်းကန်ရခြင်း

အဓိပ္ပါယ်တွေထဲမှာ

မောပန်းခဲ့လို့ အချစ်မသိခဲ့တာလား…

လှမ်းခဲ့တော့ အချစ်ငှက်ငယ်ရယ်

ငါ့ရဲ့နှလုံးသားကို အသက်သွင်းကွယ်

လိုချင်ခဲ့သော အကြင်နာတွေနဲ့

အဆုံးတိုင်ကွယ်

လှမ်းခဲ့တော့ အချစ်ငှက်ငယ်ရယ်

ဘ၀ကိုငြိမ်းချမ်းစွာ ဖြတ်သန်းမယ်

ဒဏ်ရာတွေနဲ့ နာကျင်ရင်လည်း

မငြင်းဘူးကွယ်…

…solo…

လှမ်းခဲ့တော့ အချစ်ငှက်ငယ်ရယ်

ငါ့ရဲ့နှလုံးသားပေါ်ခိုနားကွယ်

ကြိုကာနေမယ့် ရင်ခွင်ငယ်ထဲ

လှမ်းဝင်ခဲ့…

လှမ်းခဲ့တော့ အချစ်ငှက်ငယ်ရယ်

ငါ့ကိုအချစ်နဲ့ စီရင်ပေးကွယ်

ဘာမဆိုရင်ထဲ ကြည်ဖြူစွာနဲ့

မငြင်းဘူးကွယ်…

ငါဟာတကယ်ဆိုအချစ်ဆိုသော

ဘ၀ကိုဆန်းကြယ်မှုများနဲ့

လွှမ်းခြုံစေသောအရာ

မတွေ့ရှိခဲ့ မသိရှိခဲ့တာလား…

တကယ်ဆိုငါဟာ ဘ၀ဆိုသော

အသက်ရှင်ရုန်းကန်ရခြင်း အဓိပ္ပါယ်တွေထဲမှာ

မောပန်းခဲ့လို့ အချစ်မသိခဲ့တာလား…

လှမ်းခဲ့တော့ အချစ်ငှက်ငယ်ရယ်

ငါ့ရဲ့နှလုံးသားကို အသက်သွင်းကွယ်

လိုချင်ခဲ့သော အကြင်နာတွေနဲ့

အဆုံးတိုင်ကွယ်

လှမ်းခဲ့တော့ အချစ်ငှက်ငယ်ရယ်

ဘ၀ကိုငြိမ်းချမ်းစွာ ဖြတ်သန်းမယ်

ဒဏ်ရာတွေနဲ့ နာကျင်ရင်လည်း

မငြင်းဘူးကွယ်…

ကြိုကာနေမယ့် ရင်ခွင်ငယ်ထဲ

လှမ်းခဲ့ကွယ်…

Thanks

Altro da ဂရေဟမ်

Guarda Tuttologo