menu-iconlogo
huatong
huatong
Testi
Registrazioni
သီချင်း - ဂွတ်ဘိုင်

တေးဆို - စိုင်းစိုင်းခမ်းလှိုင်

ငါ့ရင်ဘတ်ထဲမှာ

အခုဆိုရင်ဟောင်းလောင်းပေါက်တွေနဲ့

အသံတွေဆွံ့အ အာခေါင်းထဲက

သွေ့ခြောက်နေခဲ့

ငါသာ တန်ခိုးရှိရင်

အခုဘဝမှာ တောင်းဆု တစ်ခုတည်း

အခွင့်ရေး တစ်ခုကို

နောက်ထပ်ရချင်တယ်

ငါလက်ပြလို့ နှုတ်ဆက်ရင်း

ရင်မှာ ဆို ့လာခဲ့

ကြိုးစား ထိန်းထားလည်း

ယောကျ်ားတန်မဲ့ မျက်ရည်စို့ပါတယ်

မျက်နှာချင်းဆိုင်ရမှာ ခက်လို့

မျက်နှာလွှဲပေမယ့်

နံရံကြမ်းပြင်နဲ့ မျက်နှာကျက်မှာ

နင့်မျက်ဝန်းတွေပဲ

မသွားနဲ့နင်မသွားပါနဲ့ငါ့ကိုမထားခဲ့ပါနဲ့

ဒီစကားတွေ ကြားရဲ့သားနဲ့

ဘာကြောင့်မို့နင် ထားခဲ့တာလဲ

ငါနားလည်ပါတယ်

ဒါကနင့်ရဲ့ အခြေအနေပေါ့

ငါ့ဘက်ကတော့

အသည်းတွေကြွေလည်း နေပါစေတော့

Please Please

အောက်ကျိူ ့ပြီးတော့တောင်းပန်တယ်

ဆိုးဝါးလွန်းတဲ့

အတိတ်ဘဝရဲ့ အကြောင်း ကံရယ်

အခုအရွယ်အထိ

အချစ်အတွက်ဆို အကျိုးနည်းနေဆဲ

လေယာဉ်ပျံကြီး

ထွက်ခွါသွားတယ် မိုးထဲ လေထဲ

ဖြူဖြူစင်စင် ကောင်မလေးကို

တကယ် ကြင်ကြင်နာနာ ချစ်ခဲ့လည်း

ဘာမှ ရေရေရာရာ မတွဲရသေးခင်

မြန်မြန် ဆန်ဆန် လမ်းခွဲပြီ

ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူးတယ်

ကျွန်တော်ယုံယုံကြည်ကြည်ချစ်ခဲ့ဖူးတယ်

အခုတော့နာနာကျင်ကျင် နှုတ်ဆက်ရပြီ

ဟေ့.. တာ့တာ

နင်ပြေးလို့ထွက်သွားပြီငါဆွေးလို့ ကျန်ခဲ့

ပိုးသား လေကြောင်းနဲ့နင်အဝေးသို့ ပျံခဲ့

ရေမြေခြားခဲ့ပြီ ဘဝတွေက ခြားခဲ့ပြီပဲ

အခြေအနေ ကွာခြားခဲ့ပြီ ကမ္ဘာခြားခဲ့

နင်မဖတ်ဖြစ်တဲ့ အီးမေးလ် တွေလည်း

တစ်နေ့ကို အစောင် တစ်ရာမက

အဘိုးကြီး ဖြစ်တဲ့အချိန်တွေအထိ

ငါငေါင်မှာလား ခက်တယ်

ဖုန်းတွေဆက်ပါတယ်

အွန်လိုင်းပေါ်မှာ တက်ရှာတယ်

စိန်ရွှေငွေ စည်းစိမ်တွေထက်

နင့်ကို ပိုပြီး မက်ပါတယ်

အသွင်မတူတဲ့ လူတွေထဲ

ဘယ်သူ့လက်ကို မင်းတွဲမလဲ

မင်းပေါင်းတဲ့ ကောင်တွေထက်

ငါက အရာရာ ဆင်းရဲတယ်

ဗလာနဲ့ သုညပဲ

မခုန်ချတာ မမှားဘူးပေါ့

လက်ထပ်ဖို့မျှော်လင့်ချက်တွေ

အဖြားရှူးရော

သွားပြီ

မိုင်ပေါင်းများစွာ ကုဋေကုဋာကို

ပြန်ဆုံဖို့ လမ်းစက မရေမရာမို့

ဒီရင်က ဝေဒနာမျိုး

သိပ်ဆိုးလို့ ခြေမှိုင် လက်မှိုင်

ဒီဘဝတော့ ဒီမျှပဲပေါ့

Baby Bye Bye Bye Bye

ဖြူဖြူစင်စင် ကောင်မလေးကို

တကယ် ကြင်ကြင်နာနာ ချစ်ခဲ့လည်း

ဘာမှ ရေရေရာရာ မတွဲရသေးခင်

မြန်မြန် ဆန်ဆန် လမ်းခွဲပြီ

ကျွန်တော် ပျော်ပျော်ရွှင်ရွှင် နေခဲ့ဖူးတယ်

ကျွန်တော်ယုံယုံကြည်ကြည်ချစ်ခဲ့ဖူးတယ်

အခုတော့နာနာကျင်ကျင် နှုတ်ဆက်ရပြီ

ဟေ့.. တာ့တာ

အဲ့ဒီအချိန် ခဏမှာ

ကျွန်တော့်ကိုယ်ကျွန်တော်

ပျောက်ဆုံးသွားတာ

ဘာဆို ဘာမှ ဘာမှ မရှိတော့ဘူး

အတူတူမဆုံနိုင်တာဟာ သေချာသွားပြီ

ဘာတွေရယ် ဘယ်လို ဖြစ်သွားလဲ

နာကျင်ခြင်းကို ဟန်လုပ် ပြုံး နေလည်း

ငါ့နှလုံးသား ကွဲကြေပြီ..

ဖြူဖြူစင်စင် ကောင်မလေးကို

တကယ် ကြင်ကြင်နာနာ ချစ်ခဲ့လည်း

ဘာမှ ရေရေရာရာ မတွဲရသေးခင်

မြန်မြန် ဆန်ဆန် လမ်းခွဲပြီ

ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူးတယ်

ကျွန်တော်ယုံယုံကြည်ကြည်ချစ်ခဲ့ဖူးတယ်

အခုတော့ နာနာကျင်ကျင်နှုတ်ဆက်ရပြီ

ဟေ့.. တာ့တာ..

တာ့တာ..တာ့တာ..တာ့တာ...

Altro da စိုင်းစိုင်းခမ်းလှိုင်

Guarda Tuttologo
ဂှတျဘိုငျ di စိုင်းစိုင်းခမ်းလှိုင် - Testi e Cover