တစ်နေ့တော့ မောင်ပြန်လာမည်
တေးရေး/ ကိုလေးညွန့်
တေးဆို/ စန္ဒရားချစ်ဆွေ
××××××××××××××××××××××
တနေ့တော့ မောင်ပြန်လာမည်
ဖွင့်ဟ ဆိုပြောလေတိုင်း
တစ်ယောက်အစ တစ်ရာဆုံး
အားလုံးရယ်မောကြသည်
တကယ်ဆိုတော့လည်း ကိုယ့်မှာ
ချေပနိုင်အား မရှိပြီ
မေတ္တာနှောင်ကြိုး တည်းကချည်
မိုးမြေထိ ဆုံးတိုင် အသိနှလုံးသည်
မချိပြုံးရယ်
အချစ်အတွက် စောင့်ရက်တာရှည်ပြီ
ယုံကြည်စိတ်ချ လွန်းလှသည်
××××××××××××××××××××
တစ်နေ့တွင်မောင် ပြန်လာလိမ့်မယ်လို့
စိတ်စောကာပင် နေသူခင်
မောင့်အပေါ်မေ စိတ်ချသလိုပဲ
အသက်နဲ့ ထပ်တူ
မေ့အပေါ်မောင်လည်း စိတ်ချသည်
နှစ်လရာသီအလီလီ
သည်နွေနှင့်ဆောင်း
မပေါင်းချင်ရင် နေရမည်
မပေါင်းရင်သာ နေရမည်
မောင်နဲ့မေသည် အကြောင်းဆက်ဖို့ရည်
××××××××××××××××××××××
အကောင်းတဖက်တည်းကိုပင်
ကြည့်တတ်သူပဲရယ်လို့ပင်
ပြောချင် ပြောကြပါလိမ့်မည်
အဆောတလျှင် ဒေါပွနေပါ့စေ
မျှော်ရည်ကာ မှန်း
လွမ်းစိတ်နဲ့ပဲ ဖြေသည် ထားဦးတော့
ဝမ်းပန်းတသာ မေ့စောင့်ကြိုနှင့်အတည်
တစ်နေ့တွင် မောင်ပြန်လာတော့မှာမို့
ဘေးမခ ရန်မသီ ဆုမွန်တွေလည်း
တောင်းဆို နေစေချင်ပါသည်
××××××××××××××××××××××
နန်းလေး(KLC)မှ ခံစားတင်ပေးသည်။
××××××××××××××××××××××
တနေ့တော့ မောင်ပြန်လာမည်
ဖွင့်ဟ ဆိုပြောလေတိုင်း
တစ်ယောက်အစ တစ်ရာဆုံး
အားလုံးရယ်မောကြသည်
တကယ်ဆိုတော့လည်း ကိုယ့်မှာ
ချေပနိုင်အား မရှိပြီ
မေတ္တာနှောင်ကြိုး တည်းကချည်
မိုးမြေထိ ဆုံးတိုင် အသိနှလုံးသည်
မချိပြုံးရယ်
အချစ်အတွက် စောင့်ရက်တာရှည်ပြီ
ယုံကြည်စိတ်ချ လွန်းလှသည်
××××××××××××××××××××
တစ်နေ့တွင်မောင် ပြန်လာလိမ့်မယ်လို့
စိတ်စောကာပင် နေသူခင်
မောင့်အပေါ်မေ စိတ်ချသလိုပဲ
အသက်နဲ့ ထပ်တူ
မေ့အပေါ်မောင်လည်း စိတ်ချသည်
နှစ်လရာသီအလီလီ
သည်နွေနှင့်ဆောင်း
မပေါင်းချင်ရင် နေရမည်
မပေါင်းရင်သာ နေရမည်
မောင်နဲ့မေသည် အကြောင်းဆက်ဖို့ရည်
××××××××××××××××××××××
အကောင်းတဖက်တည်းကိုပင်
ကြည့်တတ်သူပဲရယ်လို့ပင်
ပြောချင် ပြောကြပါလိမ့်မည်
အဆောတလျှင် ဒေါပွနေပါ့စေ
မျှော်ရည်ကာ မှန်း
လွမ်းစိတ်နဲ့ပဲ ဖြေသည် ထားဦးတော့
ဝမ်းပန်းတသာ မေ့စောင့်ကြိုနှင့်အတည်
တစ်နေ့တွင် မောင်ပြန်လာတော့မှာမို့
ဘေးမခ ရန်မသီ ဆုမွန်တွေလည်း
တောင်းဆို နေစေချင်ပါသည်
××××××××××××××××××××××
ကျေးဇူးတင်ပါတယ်ရှင်။