menu-iconlogo
huatong
huatong
avatar

ယုံတမ်းစကား

နီနီဝင်းရွှေhuatong
sherrylovesalanhuatong
Testi
Registrazioni
ယုံတမ်းစကား

နီနီဝင်းရွှေ

မောင်တို့ယောက်ျားတွေရယ်

မိန်းမတွေကို နေရာတကာမှာ

နိုင်ထက်စီးနင်း ပြုချင်ကြတယ်

စကားနဲ့တစ်မျိုး..

အားမာန် ကိုးပါလို့တသွယ်

မိန်းမမာယာ သဲကိုးဖြာလို့

ဆိုကြပြန်သေးတယ်..

မောင်တို့ယောက်ျားတွေများ..ကျတော့

သဲကိုးဖြာတောင် မလောက်ပါတယ်..

မန်ကျည်းကိုးပင်ကို နှောက်ပါလို့ရယ်

လိမ်လည်လှည့်စား ဥာဏ်များ..လှပါတယ်...

မောင်တို့ယောက်ျားတွေရယ်

မိန်းမတွေကို နေရာတကာမှာ

နိုင်ထက်စီးနင်း ပြုချင်ကြတယ်

စကားနဲ့တစ်မျိုး..

အားမာန်ကိုးပါလို့တသွယ်

မိန်းမမာယာ သဲကိုးဖြာလို့

ဆိုကြပြန်သေးတယ်..

မောင်တို့ယောက်ျားတွေများ..ကျတော့

သဲကိုးဖြာတောင် မလောက်ပါတယ်...

မန်ကျည်းကိုးပင်ကို နှောက်ပါလို့ရယ်

လိမ်လည်လှည့်စား ဥာဏ်များ..လှပါတယ်...

တတ်လည်း တတ်နိုင်ကြပါတယ်

မောင်တို့ယောက်ျားတွေရဲ့

ဆိုစကား ပျို နားဝမယ်

ကြားမိတယ် ကြားမိပါတယ်...

ချစ်တာကို ပမာပြုကာ

မေယုမြင်းမိုရ် ထိုထိုဥပမာ

တင်စားကာ တင်စားကာ တင်စားကာ

အချစ်ကြီး ချစ်မိပြီကွယ်

အသည်းတွေ ကွဲကြေလုပါပြီကွယ့်

ချစ်ပါခင်ရယ် ကြိုက်ပါခင်ရယ်

ဆို..တဲ့ လက်သုံးစကားတွေရယ်

ဆီးဖြူ ဖန်ခါး ခါးဖြင့်

ငုံထား တော့မလိုကွယ်

ချစ်လှပါတယ် ကြိုက်လှပါတယ်

ပလူးပလဲ ရူးပဲရူးတော့မလိုလို

ဆိုကြပါတယ် ငိုကြပါတယ်

ယောက်ျားတွေရယ်

စကားတွေကြွယ်ကာ

တတ်နိုင်လွန်း..လှတယ်...

အချစ်ကိုယုံ ပုံပါနဲ့လို့..

နောက်ဆုံး တစ်နေ့

သူတို့ပြောသမျှ သူတို့ဆိုသမျှ

ကြားရသူမှာ ဂွမ်းဆီထိကာရွှန်းပီတိဖြာ

မိန်းမတွေမှာ ချာချာလည်..

ယုံမှတ်လို့ ပုံအပ်မိပါတယ်...

မရခင် ဖျာလိုလိပ်ကာ

ထိပ်ပေါ်မှာသာ တင်လာခဲ့တဲ့

မောင်မင်းကြီးသား ယောက်ျားတွေမှာကွယ်

အခုတော့ဖျာလိုသာကွယ်

ခင်း..ကာ နင်းခြေပါလို့

ထားရာနေ စေရာသွား

သူပြူသမျှ နုရပြန်တော့တယ်...

ကြောက်လှပါပြီကွယ်

မောင်တို့ဆိုစကားရယ်

အချစ်ကြီး ချစ်လာခဲ့တယ်

အသည်းတွေ ကွဲအောင်ပဲကွယ်

ဆိုခဲ့တာတွေများ ယုံတမ်းစကားသဖွယ်

လေမှာပျောက်ကွယ်

အိုင်တွေ့တိုင်း ခြေဆေးတတ်ကြတယ်...

သည်တစ်ယောက်ကိုရိုးပြန်တော့

နောက်တစ်မျိုးကှို လှမ်းချင်ကြတယ်

ကြောက်ပြီကွယ် ရွံ့ပြီကွယ်

ယုံတမ်းစကားတွေကိုသာ

နောင်များ ရှောင်ရှားရမယ်ကွယ်...

Music

မရခင် ဖျာလိုလိပ်ကာ

ထိပ်ပေါ်မှာသာ တင်လာခဲ့တဲ့

မောင်မင်းကြီးသား ယောက်ျားတွေမှာကွယ်

အခုတော့ဖျာလိုသာကွယ်

ခင်း..ကာ နင်းခြေပါလို့

ထားရာနေ စေရာသွား

သူပြူသမျှ နုရပြန်တော့တယ်...

ကြောက်လှပါပြီကွယ်

မောင်တို့ဆိုစကားရယ်

အချစ်ကြီး ချစ်လာခဲ့တယ်

အသည်းတွေ ကွဲအောင်ပဲကွယ်

ဆိုခဲ့တာတွေများ ယုံတမ်းစကားသဖွယ်

လေမှာပျောက်ကွယ်

အိုင်တွေ့တိုင်း ခြေဆေးတတ်ကြတယ်...

သည်တစ်ယောက်ကိုရိုးပြန်တော့

နောက်တစ်မျိုးကှို လှမ်းချင်ကြတယ်

ကြောက်ပြီကွယ် ရွံ့ပြီကွယ်

ယုံတမ်းစကားတွေကိုသာ

နောင်များ ရှောင်ရှားရမယ်ကွယ်...

Thank For All

:

Altro da နီနီဝင်းရွှေ

Guarda Tuttologo

Potrebbe piacerti