menu-iconlogo
huatong
huatong
avatar

ပျံလေဦးပေါ့ငှက်ငယ် NandaAyeYar

နန္ဒဧရာhuatong
Mr_USoehuatong
Testi
Registrazioni
ပျံလေဦးပေါ့ငှက်ငယ်ရယ်

နန္ဒဧရာ

.... ...

ဒီသစ်ပင်မှာရိုးတံဖြိုင်ဖြိုင်

အကျည်းတန်နေတုန်းက

ပျံနေတဲ့ငှက်ကလေးတွေရယ်

ဒီမှာလာပြီးမနားကြဘူးလေကွယ်

ဝမ်းနည်းလို့နေတုန်းပဲ

ငှက်ကလေးတစ်ကောင်နားခိုလာတယ်

သစ်ပင်ထက်နားဝယ်

ကိုယ်ကြည်နူးမိရတယ်ကွယ်

နေလောင်တာလဲမေ့ပျောက်ခဲ့တယ်ကွယ်

နားလာတဲ့ငှက်ကလေးရယ်

ဒီလိုအချိန်မျိုးမှာလာခဲ့တာလည်း

ကျေးဇူးလဲတင်ပါတယ်

.... ...

ပျော်လို့တောင်မဆုံးခင်မှာ

အဝေးကိုပျံပြေးတယ်

သူခိုနားတဲ့အကိုင်းငယ်ရယ်

ဟိုဒီလှုပ်ရှားယိမ်းထိုးလို့သာကွယ်

ကျိုးတာဘဲရှိခဲ့တယ်

ငှက်ကျေးဆိုတာပျံတတ်တာကို

သိနေပါလျက်နဲ့

ကိုယ်မိုက်မှားမိခဲ့တယ်ကွယ်

နေလောင်နေတဲ့အကိုင်းလေးကျိုးတာကို

ဝမ်းမနည်းဘူးငှက်ကလေးရယ်

ပျံလေဦးပေါ့အတောင်မညောင်းခင်ဝယ်

တစ်မိုးသားအောက်ကမ္ဘာပြင်ကျယ်

.... ...

ဒီသစ်ပင်မှာရိုးတံဖြိုင်ဖြိုင်

အကျည်းတန်နေတုန်းက

ပျံနေတဲ့ငှက်ကလေးတွေရယ်

ဒီမှာလာပြီးမနားကြဘူးလေကွယ်

ဝမ်းနည်းလို့နေတုန်းပဲ

ငှက်ကလေးတစ်ကောင်နားခိုလာတယ်

သစ်ပင်ထက်နားဝယ်

ကိုယ်ကြည်နူးမိရတယ်ကွယ်

နေလောင်တာလဲမေ့ပျောက်ခဲ့တယ်ကွယ်

နားလာတဲ့ငှက်ကလေးရယ်

ဒီလိုအချိန်မျိုးမှာလာခဲ့တာလည်း

ကျေးဇူးလဲတင်ပါတယ်

.... ...

ပျော်လို့တောင်မဆုံးခင်မှာ

အဝေးကိုပျံပြေးတယ်

သူခိုနားတဲ့အကိုင်းငယ်ရယ်

ဟိုဒီလှုပ်ရှားယိမ်းထိုးလို့သာကွယ်

ကျိုးတာဘဲရှိခဲ့တယ်

ငှက်ကျေးဆိုတာပျံတတ်တာကို

သိနေပါလျက်နဲ့

ကိုယ်မိုက်မှားမိခဲ့တယ်ကွယ်

နေလောင်နေတဲ့အကိုင်းလေးကျိုးတာကို

ဝမ်းမနည်းဘူးငှက်ကလေးရယ်

ပျံလေဦးပေါ့အတောင်မညောင်းခင်ဝယ်

တစ်မိုးသားအောက်ကမ္ဘာပြင်ကျယ်

.....

Altro da နန္ဒဧရာ

Guarda Tuttologo