"သုံးရာသီအလွမ်း" (Duet)
တေးရေး> ကိုသက်
တေးဆို> ဖြူသီ
Boy > B , Girl > G
Ready…!
3️⃣
2️⃣
1️⃣
Go
B> လွမ်းငွေ့ဝေဝေ
ချစ်သူခင်သူတစ်ဦးက
ရုပ်သွင်မူယာ ကျော့ရှင်းနေ
ရှင်းသန့်လို့ စိုပြေ
တွေ့သူမြင်သူကိုယ့်ကို ညို့ဆွဲယူနေ..
G> လွမ်းငွေ့ဝေဝေ
ချစ်သူခင်သူတစ်ဦးက
ရုပ်သွင်မူယာ ခန့်ညားနေ
ရှင်းသန့်လို့ စိုပြေ
တွေ့သူမြင်သူမေ့ကို ညို့ဆွဲယူနေ..
B> စိမ်းသူရေ
တဒင်္ဂဆုံတွေ့စဉ်မှာလေ
မရေရာချစ်အပြုံးလေးနဲ့
သူနှစ်သိမ့်ခဲ့ပေ..
G> လွမ်းသူမှာ
မြေခစံပယ်လေးတွေလိုပင်
မတည်ငြိမ် အသည်းပြင်နုနု
ကြွေလုလုပါရှင်..
B> ညို့မျက်လုံးလေးများရယ်
ကိုယ့်အသည်းနှလုံးကို
ပြုစားရက်တယ်
နွေလယ်ယံ အတွေးကလေးတွေ
အိပ်မက်လိုကွယ်..
G> သမုဒယပိုးကြိုးလေးတွေ
ဖြေထုံးပျက်ပြီသက်လှယ်
မိုးတိမ်ကောင်းကင်ထက်မှာ
အရုပ် ရေးသူရယ်...
><><><>
<><><>< (မူရင်းတေးရေး+တေးဆို+ တီးခတ်သူ+စီစဉ်သူ+ ထုတ်ဝေသူအားလုံးကို လေးစားကျေးဇူးတင်လျက်) -ကိုကိုဆိုးပေ- Ready…! 3️⃣ 2️⃣ 1️⃣ Go G> ညို့မျက်လုံးလေးများရယ် ကျွန်မအသည်းနှလုံးကို ပြုစားရက်တယ် နွေလယ်ယံ အတွေးကလေးတွေ အိပ်မက်လိုကွယ်.. B> သမုဒယပိုးကြိုးလေးတွေ ဖြေထုံးပျက်ပြီ သက်လှယ် မိုးတိမ်ကောင်းကင်ထက်မှာ အရုပ် ရေးသူရယ် B> ဝဿန်ခါ အချိန်မှာ တိမ်မိုးတွေဆင် မှောင်နဲ့မည်း မိုးစက်လေးတို့ လှောင်ရယ်ကြပြီ G> ဝဿန်ခါ အချိန်မှာ မြူခိုးတွေဆင် မျှော်သူပန်း နွမ်းခဲ့ရတဲ့ စံပယ်ရုံနံဘေးမှာ ရွှေမိုးလေးတွေ သွန်းဖြိုးတဲ့အခါ မောင့်ဆီမှာသာ အချစ်စိတ်ဝေ B>နေရီရီ မှောင်ရီညချမ်း ဆောင်းလေပြေ(ပြည်) ကိုယ့်ချစ်တဲ့သူများ လာမလား စောင့်စားကာနေ.. G>ဒီအချိန်မှာ လေချွန်သံလေး ကြားရင်လေ ပျို့ချစ်တဲ့သူများ ဖြစ်မလား မျှော်ရင်းတဝေဝေ.. သြော်အတွေးစိတ်ကပွေ ဆွေးရိပ်ကမပြေ လွမ်းနေသူမှာ နေ့စဉ်ပါပဲ ဖိုးလနတ်သားကြုံရင် ပြောပေးလေ။ ><><><><><><>< "သီဆိုရွှင်လန်း ဘဝအပန်းပြေပါစေ။" -ကိုကိုဆိုးပေ- (သီချင်းတင်ပေးသူစီနီယာများကို လေးစားလျက်)