menu-iconlogo
huatong
huatong
avatar

လမင်းသီတဲ့တေးလက်ရာ

မင်းဂျွန်​စိုးhuatong
poetikchild4763huatong
Testi
Registrazioni
လမင်းသီတဲ့တေးလက်ရာ

တေးဆို ဆရာမင်းဂျွန်စိုး

တေးရေး ဆရာမင်းဂျွန်စိုး

လမင်းသီတဲ့

တေးသွားတစ်ပုဒ်ကို

ညသန်းခေါင်ယံ

တိတ်ဆိတ်ခြင်းမှာ

နားဆင်နေတဲ့ပန်းတို့

ငိုနေသလို

နွေလေပြေညှင်းသော့ချိန်

ရော်ရွက်ဝါတို့

စည်းချက်ထပ်တူ

ကမ္ဘာမြေတလင်းမှာ

နေရာယူ

လောကအတွက်သောက

ဂန္ဓဝင်ကဗျာ

သဘာဝဂီတ

အမြဲတမ်းဖြစ်တည်

အတွေးမှော်ဝင်သွားတဲ့ညမှာ

အမှတ်တရဒီသီချင်း

ရေးခဲ့ပါတယ်လေ

အရာရာခံစားသိမြင်

သဘာဝဂီတရသတစ်ခုကို

ရွှေရင်ထဲမှာခင်တွယ်သူ

လောကအတွက်

သီချင်းတစ်ပုဒ်လှူပါမည်

ကိုယ်ရေးတဲ့သီချင်းလေး

တစ်ပုဒ်ဟာလည်း

ကိုယ့်ရင်၌ဖြစ်တဲ့သားပမာ

မထိုက်တန်တဲ့

တစ်ပါးသူလက်ကို

ပေးမိတဲ့အမှားလဲ

ပြန်မပြင်နိုင်

ကိုယ်ပျိုးတဲ့ပန်းကောင်း

တစ်ပွင့်ကိုလဲ

အမြဲစိုစိမ်းလန်းဆန်းသောမြေ

ဥယျာဉ်တွင်း

အရောက်ပို့ပေးကာ

ပန်းတစ်ပွင့်အတွက်

အသည်းနှလုံးအကြွေခံမယ်

ဂီတကမ္ဘာထဲ

အမြဲတမ်းအဖြည့်ခံ

သီချင်းတွေကိုရေးထားခဲ့မယ်

အနုပညာခရီး

လမ်းကြမ်းမှာပျော်နေ

ရင်မှာမျှော်လင့်ထားတဲ့

အတည်တကျဂီတ

လူ့ဘဝမှတ်တိုင် ကိုယ်ပိုင်

သီချင်းတွေကျန်နေရင်

ခုဘဝအတွက်စိတ်ချနိုင်ပါပြီ

လမင်းသီတဲ့

တေးသွားတစ်ပုဒ်ကို

ညသန်းခေါင်ယံ

တိတ်ဆိတ်ခြင်းမှာ

နားဆင်နေတဲ့ပန်းတို့

ငိုနေသလို

နွေလေပြေညှင်းသော့ချိန်

ရော်ရွက်ဝါတို့

စည်းချက်ထပ်တူ

ကမ္ဘာမြေတလင်းမှာ

နေရာယူ

လောကအတွက်သောက

ဂန္ဓဝင်ကဗျာ

သဘာဝဂီတ

အမြဲတမ်းဖြစ်တည်

အတွေးမှော်ဝင်သွားတဲ့ညမှာ

အမှတ်တရဒီသီချင်း

ရေးခဲ့ပါတယ်လေ

အရာရာခံစားသိမြင်

သဘာဝဂီတရသတစ်ခုကို

ရွှေရင်ထဲမှာခင်တွယ်သူ

လောကအတွက်

သီချင်းတစ်ပုဒ်လှူပါမည်

ကိုယ်ရေးတဲ့သီချင်းလေး

တစ်ပုဒ်ဟာလည်း

ကိုယ့်ရင်၌ဖြစ်တဲ့သားပမာ

မထိုက်တန်တဲ့

တစ်ပါးသူလက်ကို

ပေးမိတဲ့အမှားလဲ

ပြန်မပြင်နိုင်

ကိုယ်ပျိုးတဲ့ပန်းကောင်း

တစ်ပွင့်ကိုလဲ

အမြဲစိုစိမ်းလန်းဆန်းသောမြေ

ဥယျာဉ်တွင်း

အရောက်ပို့ပေးကာ

ပန်းတစ်ပွင့်အတွက်

အသည်းနှလုံးအကြွေခံမယ်

ဖြတ်သန်းလာတဲ့

ဘဂတစ်ဆစ်ချိုးမှာ

အတွေ့အကြုံတွေရင့်ကျက်ခဲ့တော့

စိတ္တဇဆန်သော

တေးအလှကာရန်တွေ

ရင်မှာတည်ခဲ့ကျပြီ

လမင်းဆီသို့ငေးမောကြည့်ကာ

ကြယ်ကြွေခြင်းကိုရင်ခုန်သူ

ရေးခဲ့တဲ့သောကဂန္ဓဝင်ကဗျာ

သီချင်းလေးတစ်ပုဒ်

အမှတ်တရကျန်ပါစေ

လောကအတွက်သောက

ဂန္ဓဝင်ကဗျာ..

အားလုံးပဲကျေးဇူးတင်ပါတယ်

Altro da မင်းဂျွန်​စိုး

Guarda Tuttologo