menu-iconlogo
huatong
huatong
-unicode-cover-image

အိပ်မက်ချစ်သူ Unicode

မဒီhuatong
cowherdwomahuatong
Testi
Registrazioni
အိပ်မက်ချစ်သူ

တေးရေး ဆဲလ်စ်

တေးဆို မဒီ

မလာနဲ့ မတားဆီးခဲ့သူ

မပြန်နဲ့ မပြောဘူးချစ်သူ

ကိုယ်ဟာဖွင့်လို့ထားတဲ့ တံခါးလေးတချပ်

အလွယ်တကူ မမုန်းတတ်ခဲ့ဘူး

အလွယ်တကူမချစ်နဲ့ချစ်သူ..

ကိုယ်ဟာ နှလုံးသားရှိသူ မငိုချင်ခဲ့..

ကိုယ်ပဲချစ်မိတာ မှားလား

ချစ်သူရေ မှားနေဦး..

ဆက်ချစ် စမ်းပါရစေ

ချစ်တဲ့သူလေး သခင်ကြင်နာသူ

မဖြစ်ခဲ့သူမို့..

တစ်ကယ်ဆို အသည်းကွဲ မြို့ က

မင်း စွန့်ခွာနိုင်သူပါ

ဒီလိုအသဲကွဲပြီးတော့ ကိုယ့်ရဲ့ကမ္ဘာ

ပျက်စီးသွား

မဆုံခင်လမ်းခွဲရပြီ

ခုတော့လေ ကြေကွဲရ

တခါတရံ ချစ်တဲ့အချစ်များ

စိမ်းပြီလား...

မလာနဲ့ မတားဆီးခဲ့သူ

မပြန်နဲ့ မပြောဘူးချစ်သူ

ကိုယ်ဟာပိတ်လို့မရတဲ့ တံခါးလေးတချပ်

ဘာမှပြောင်းလဲ မရသူ

တစ်ကယ်ဆို မင်းစွန့်သွားတဲ့

အသည်းနှလုံး မြို့ပျက်ကြီးမှာ

နေသူပေါ့..

အချိန်က မိုးကြိုးလို အပြစ်ရှာ

အိမ်မက်ထိ ချစ်ရသူလေး..

ကိုယ့်ရဲ့ အသည်းနဲ့အသွေးတွေ

ကျွမ်းရစ်ခဲ့ပြီမို့

သခင် မကြင်နာသူ ကိုယ့်ဘဝကိုမေ့..

တစ်ကယ်ဆို အသည်းကွဲ မြို့ က

မင်း စွန့်ခွာနိုင်သူပါ

ဒီလိုအသဲကွဲပြီးတော့ ကိုယ့်ရဲ့ကမ္ဘာ

ပျက်စီးသွား

မဆုံခင်လမ်းခွဲရပြီ

အခုတော့လေ ကြေကွဲရ

တခါတရံ ချစ်တဲ့အချစ်များ

စိမ်းပြီလား..

အိမ်မက်လားဟေ့..အို...

အရင်လိုအချစ်မျိုးနဲ့

ပွေ့ဖက်ထားချင်လဲ..

မကြင်နာစိမ်းကားတဲ့

ကိုယ့်ရဲ့အချစ်လေး..

တစ်ကယ်ကို ထိန်းချုပ်ခွင့်မဲ့

လွင့်ပျက်တော့မယ်..

လေနှင်ခဲ့သူရေ အိမ်မက်ချစ်သူရေ...

တစ်ကယ်ဆို အသည်းကွဲ မြို့ က

မင်း စွန့်ခွာနိုင်သူပါ

ဒီလိုအသဲကွဲပြီးတော့ ကိုယ့်ရဲ့ကမ္ဘာ

ပျက်စီးသွား

မဆုံခင် လမ်းခွဲရပြီ

ခုတော့လေ ကြေကွဲရ

တခါတရံ ချစ်တဲ့အချစ်များ

စိမ်းပြီလား..

သခင်ရေ ဒီလိုပဲ..

အသည်းခွဲ.. ဖို့လား...

‍️ ‍️ ‍️ ‍️ ‍️

Altro da မဒီ

Guarda Tuttologo