မရောက်တာကြာပြီ
မွေးရပ်မြေအမေ့ရွာကလေးဆီ
မြင်ယောင်မှန်းဆ
သားမောင်လွမ်းသည်လွမ်းသည်
ဟိုအဝေးမှဆီ
မိုးကုတ်စက်ဝိုင်းမူန်ရီ
ပြာတလီညိုရောင်သန်း
ထန်းတောလေးဆီ မှန်းဆမျှော်ရည်
စိမ်းညို့ညို့အရောင်သွေးနဲ့
ထုံးဖြူဖြူဘုရားစေတီ
အပြာရောင်မိုးသားအောက်မှာ
ဆေးရေးခြယ် ပန်းချီကားတချပ်ပမာ
ရင်သပ်ရှုမောပြောမဆုံးအောင်လှသည်
ဒီအချိန်ဆို
တို့ရွာကချောင်းလေးအတွင်းမှာ
လှေကလေးစီးလို့ပျော်နေကြရော့မည်
ဝါဆိုဝါခေါင် ရေတွေဖောင်တော့
လှေကလေးစီးလို့ကျောင်းတက်ရပါသည်
ငယ်စဉ်ဘဝပြန်တွေးမိရင်
အမေနဲ့အတူ လှေကိုလှော်ရင်း
လယ်ထဲဆင်းတာ သတိရမိသေးသည်
အမေ့ရွာ အမေ့ရွာကလေးဆီ
မြင်ယောင်မှန်းဆ လွမ်းရပါသည်
ငယ်စဉ်ကလေးဘဝက
အေးမြပါသည် အမေ့ရွာဌာနေ
အညာကျေးလက်ဆီ
အမေပေးတဲ့ တာဝန်ကျေပြီ
ဪ အမေပေးတဲ့တာဝန်ကျေပြီ
သားမောင်ပြန်ခဲ့မယ်လို့တွေး
သားမောင်ပြန်ခဲ့မယ်လို့တွေး
အမေပေးတဲ့တာဝန် ကျေပွန်ပါမည်
သားဘဝရှေ့ရေးအတွက်
သားဘဝရှေ့ရေးအတွက်
ပညာကို အလေးထားတဲ့
အမေ့ဆီ အမေ့ရွာကလေးဆီ
သားအရောက်ပြန်လာခဲ့တော့မည်
(စကားပြော)
ဒီအချိန်ဆို
တို့ရွာကချောင်းလေးအတွင်းမှာ
လှေကလေးစီးလို့ပျော်နေကြရော့မည်
ဝါဆိုဝါခေါင် ရေတွေဖောင်တော့
လှေကလေးစီးလို့ကျောင်းတက်ရပါသည်
ငယ်စဉ်ဘဝပြန်တွေးမိရင်
အမေနဲ့အတူ လှေကိုလှော်ရင်း
လယ်ထဲဆင်းတာ သတိရမိသေးသည်
အမေပေးတဲ့တာဝန် ကျေပွန်ပါမည်
သားဘဝရှေ့ရေးအတွက်
သားဘဝရှေ့ရေးအတွက်
ပညာကို အလေးထားတဲ့
အမေ့ဆီ အမေ့ရွာကလေးဆီ
သားအရောက်ပြန်လာခဲ့တော့မည်