ရင်တွင်းဆု
***
တေးရေး => ဂီတစာဆို မောင်ကြေးမုံ
တေးဆို => မို့မို့ဇော်ဝင်း
Credit စာသား => @MoeSwe007
သီချင်းဖန်တီးသူအားလုံး
ကျေးဇူးအထူးတင်ပါသည်
Uploaded by KyawGyi(အလွမ်းပြေ)
🎵🎶🎵🎶🎵🎶🎵🎶🎵🎶
1️⃣
2️⃣
>>>>
အို..ဗုဒ္ဓ..ရှင်တော်ဘုရား..
ဤ ဆီမီးပန်း ဤ ရေချမ်းကို
ပူဇော်ပါ၏ ဘုရား..
ပူဇော်ပါ၏ ဘုရား..
🎼🎼🎼🎼🎼
***
ဤ ဆီမီးကို လှူရသော
အ ကျိုး အား ကြောင့်
မီးလို လောင်မြိုက် ကျွမ်းစေ ခဲ့ပါသူ
ကို/မိ စိမ်းကားကြီး သူ့ဘဝသည်..
မီးလို ပူရသော
ဝဋ်ကြွေး အတုံ့အလှည့် ဖြစ်မယ့်အစား
တူသောအကျိုး ပေးမယ့် အစား
ဤ ဆီမီးနှယ် အလင်းဖြာစေ
ဤ ဆီမီးနှယ် ၀င်းဝါပါစေ
ရှင်တော်ဘုရား..
🎼🎼🎼🎼🎼
***
ဤရေချမ်းကို လှူရသော
အ ကျိုး အား ကြောင့်
မျက်ရည်မြစ်ချောင်း ဖြစ်စေခဲ့ပါသူ..
ကို/မိ စိမ်းကားကြီး သူ့ ဘဝသည်..
ကိုယ့်လို ငိုရသော
ဝဋ်ကြွေး အတုံ့အလှည့် ဖြစ်မယ့်အစား
တူသောအကျိုး ပေးမယ့် အစား
ဤ ရေချမ်းနှယ် အေးပါစေ..
ဤ ရေချမ်းနှယ် အေးပါစေ
ရှင်တော်ဘုရား..
🎼🎼🎼🎼🎼
***
ဤ မြတ်ပန်းကို လှူရသော
အ ကျိုး အား ကြောင့်
ပန်းလို ခြွေခဲ့ ရက်စက် ခဲ့ပါသူ
ကို/မိ စိမ်းကားကြီး သူ့ဘဝ သည်
ပန်းလို ကြွေရသော
ဝဋ်ကြွေး အတုံ့အလှည့် ဖြစ်မယ့်အစား
တူသောအကျိုး ပေးမယ့်အစား
ဤ မြတ်ပန်းနှယ် မွှေးပါစေ..
ဤ မြတ်ပန်းနှယ် မွှေးပါစေ..
ရှင်တော်ဘုရား..
🎼🎼🎼🎼🎼
***
ဤ ဆုတောင်းကို ခြွေရသော
အ ကျိုး အား ကြောင့်
နောက်ဘ၀ ဆက်တိုင်း
အချစ်ကို ကိုးကွယ်သူ
လူသား စစ်စစ် မဖြစ်ရစေ..
အချစ်ဆို ရင်မခုန်သော
ကျောက်ခဲ နှလုံးသား ဖြစ်စေသား
အချစ် နှလုံးသား ရှိခဲ့ငြား
တွယ်ငြိခြင်း ဘ၀ ကင်းပါစေ..
နာကျင်ခြင်းဘ၀ ကင်းပါစေ..
ရှင်တော်ဘုရား...
***
အလွမ်းပြေ မိသားစုမှ
အားလုံးကို ကြိုဆိုလျက်ပါ
<< ပြီးပါပြီ >>
Thank All