B မပြတ်သေးဘူး
ရေစီးကြောင်းလေးအား
ဓါးနဲ့ဖြတ်ပြတ်ပါ့မလား
ဖြတ်မရဘူး
ဒီလို သံယောဇဉ်တွေ
G နှစ်ကိုယ်တူအဝေး
လူချင်းတွေ့ကြဖို့ခဲယဉ်းလဲ
အတွေးလေးထဲ အမြဲတမ်းတွေ့
ဒီလို သံယောဇဉ်တွေ
ဖြတ်ဖို့ခက်တယ်လေ
B မပြတ်သေးဘူး
မျက်လုံးများနဲ့ကြည့်ရှုလို့တော့
တွေ့မမြင်နိုင် ကြိုးလေးများ
ဒီလို သံယောဇဉ်တွေ
G ရေတွေလိုစီး
ဘယ်နည်းနဲ့မှလည်း
ဖြတ်တောက်ကြလို့ပြတ်တောက်ရဘို့
အကြောင်းလည်းမရှိ
ဒီလို သံယောဇဉ်တွေ
လုံးဝမပြတ်နိုင်ပေ
B G ကြိုးများအားလုံးထဲ
အမြဲဆုံးကြိုး သံယောဇဉ်
တို့နဲ့မင်းရဲ့အသည်းတွေကို
B G တင်းတင်ရစ်ဖွဲ့လို့ထားရင်
တို့နှစ်ယောက်ဘယ်လောက်ပင်ဝေး
B အို ရေစီးကြောင်းလေးအတိုင်း
အို ထာဝစဉ်စီးဆင်း...
ဟိုး မပြတ်နိုင်ဘူး
ပတ္တမြားကျောက်စီဓါးနဲ ့
ဆွဲကိုင်ခုတ်မလား
ဖြတ်တောက်မရနိုင်ဘူး
ဒီလို သံယောဇဉ်တွေ
G ဘယ်လောက်ပဲ
နှစ်ဖက်သော အသိုင်းအဝိုင်းများ
ဓါးအမျိုးမျိုး သုံးစွဲပြီး
ဖြတ်တောက်လည်း
ဒီလို သံယောဇဉ်တွေ
B G မပြတ်နဲ့ ချစ်သူရေ